အာလူးကို ကြိုက်ကြလားရှင့်။

အပြင်မှာတော့ အာလူးစားရင် ဝတယ်ပြောကြတယ်နော်။ ဝတယ်ပြောပြော ဘယ်သူတွေဘာပြောပြာ ကြိုက်တဲ့သူကတော့ စားတာပါပဲ။ အဲဒီထဲမှာ စာရေးသူကိုယ်တိုင်းလည်းပါပါတယ်။ အာလူးမှာလည်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကျိုးကျေးဇူးတွေ အများအပြားပါဝင်နေတာပါ။

1207464.large

အာလူးမှာ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ Copper ၊ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ရပ်စ် နဲ့ အမျှင်ဓါတ်တွေပါဝင်ပါတယ်။

အာလူးကိုပြုတ်စားမယ်ဆိုရင် ဗီတာမင်နဲ့ သတ္တုဓါတ်ကို အပြည့်အဝရရှိနိုင်ပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ် ဖော့စ်ရပ်၊ ဗီတာမင် B-complex နဲ့ ဗီတာမင် c ဓါတ်တွေပါ။

ကယ်လိုရီအနည်းငယ်ပဲပါတဲ့ အာလူး

Plain jacket potato with butter on red plate

အာလူးမှာ ကယ်လိုရီအနည်းငယ်ပဲပါတာပါ။ သူ့မှာ အမျှင်ဓါတ်တွေအများအပြားပါဝင်ပါတယ်။ သူ့မှာ ပင်ကိုယ်အားဖြင့် အဆီဓာတ်လုံးဝမပါပါဘူးရှင်။
ကိုယ်အလေးချိန်လျှော့ချရေး အစီစဉ်တွေမှာ အာလူးကိုထည့်သွင်းစားသုံးကြပါတယ်။

သူ့ချည်းပဲစားပေးရင်တော့

ဒါပေမဲ့ အာလူးကိုချည်းပဲ နေ့တိုင်းပုံမှန်စားရင်တော့ ကယ်လိုရီတက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အာလူးမှာ အရေးကြီးတဲ့ ဗီတာမင်ဓါတ်တစ်ချို့ မပါဝင်လို့ပါရှင့်။ ဒါ့ကြောင့် အသီးအနှံတွေနဲ့ရောပြီးစားပေးသင့်ပါတယ်။ ပင်ကိုယ်အရ အာလူးဟာ ကျန်းမာရေးကိုလုံး၀ မထိခိုက်စေပါဘူး။