ကျန်းမာရေး - Health | ဟင်းချက်ဖွယ်ရာများ - Ingredients | အထွေထွေ ဗဟုသုတ - General Knowledge

စွံပလွံသီးရဲ့ ကျန်းမာရေးကောင်းကျိုး(၇)မျိုး

August 6, 2016

စွံပလွံသီးရဲ့ ကျန်းမာရေးကောင်းကျိုး(၇)မျိုး

Share this on:

စွံပလွံသီးကို လူတိုင်း စားဖူးပါလိမ့်မယ်။ ကျိုက်ထီးရိုးဘုရားဖူး ပြန်လာတဲ့အခါ အိမ်ပြန်လက်ဆောင်ဆိုပြီး ၀ယ်ဖူးကြပါ
လိမ့်မယ်။ စွံပလွံအပင်ဟာ အုန်းပင်နဲ့ ဆင်တူပြီး သီးတဲ့အခါမှာတော့ ကွမ်းသီးတွေလို အစုလိုက် အပြွတ်လိုက် သီးလေ့
ရှိပါတယ်။ အောက်မြန်မာပြည်မှာ ခြံတွေနဲ့ စိုက်ပျိုးလေ့ရှိကြပြီး ဆီအုန်းပင်နဲ့လည်း အနည်းငယ် ဆင်တူပါတယ်။ စွံပလွံသီးရဲ့ ကျန်းမာရေးအာနိသင် (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

စွံပလွံသီးမှာ ကိုလက်စထရောနဲ့ အဆီဓာတ် အလွန်နည်းပါးစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ အဖိုးတန်သတ္တုဓာတ်တွေလည်း ပါဝင်ပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

(၂) အဆီကျစေတယ်

စွံပလွံသီးမှာ အလွန်အဖိုးတန်တဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် Vitamin B1, B2, B3,B5, Vitamin A1, C
ဓာတ်တွေ ပါဝင်လို့ ခန္ဓာကိုယ်အတွင်းက မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ချပေးနိုင်ပါတယ်။

(၃) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

2

အမျှင်ဓာတ်နဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ အစာခြေစနစ်ကို အထူးကောင်းမွန်စေပါတယ်။ ဒါ့အပြင် အစာမ
ကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အူယောင်ခြင်း၊ ဗိုက်နာခြင်း-စတဲ့ ၀မ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါတွေကိုလည်း မဖြစ်စေ
ပါဘူး။

(၄) အားအင်ကို ဖြစ်စေတယ်

စွံပလွံသီးမှာ သဘာဝ သကြားဓာတ်ပါဝင်ပါတယ်။ လူကို ဘေးဥပါဒ် မဖြစ်စေပါဘူး။ ဒါ့အပြင် အဲဒီဂလူးကိုစ့်ဓာတ်က ခန္ဓာ
ကိုယ်အတွက် လိုအပ်တဲ့ အားအင် 15% ကို ဖြည့်စွမ်းပေးပါတယ်။

(၅) အာရုံကြောစနစ်ကို ကောင်းမွန်စေတယ်

3

အာရုံကြောစနစ်ဟာ ခန္ဓာကိုယ်ကြီး အသက်နဲ့ကိုယ် မကွာဖြစ်စေဖို့ အရေးကြီးတဲ့ စနစ်ဖြစ်ပါတယ်။ စွံပလွံသီးမှာ အာရုံ
ကြောစနစ်ကို အများကြီးကူညီပေးနိုင်တဲ့ ပိုတက်စီယမ်ဓာတ်ပါဝင်တဲ့အပြင် အဆစ်အမြစ်ကိုက်ခဲမှုကို ဖြစ်စေနိုင်တဲ့ ဆိုဒီ
ယမ်ဓာတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

(၆) သံဓာတ်အားနည်းရောဂါကို ပျောက်ကင်းစေနိုင်တယ်

သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ စွံပလွံသီးကို နေ့စဉ်စားပေးပါက သွေးအားနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရာသီလာပြီး
ခန္ဓာကိုယ် နွမ်းခြောက်ခြင်း-စတဲ့ ရော၈ါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၇) လိင်စိတ်ကို ဖြစ်ပေါ်စေတယ်

ဆိတ်နို့နဲ့ စွံပလွံသီးကို ပုံမှန်ရောစပ်စားသုံးပေးပါက အိမ်ထောင်ရေးသုခကို အပြည့်အ၀ ဖြည့်စွမ်းပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.6 (5 Votes)