ကော်ဖီသောက်ခြင်းဟာ အလေ့အထ တစ်ခုလို ဖြစ်နေပြီး ကျန်းမာရေးနဲ့ ညီညွှတ်စေဖို့ စနစ်တကျ သောက်သုံးဖို့လည်း သတိထားရပါမယ်။ ကော်ဖီသောက်ခြင်းကို အကျင့်ဆိုးတစ်ခုလို သတ်မှတ်ပြီး ဖြတ်ဖို့ ကြိုးစားကြသူတွေ ရှိကြမှာပါ။

ဒါပေမယ့် ကော်ဖီကို Readymade တွေသောက်တာထက် အမှုန့်ကို ဖျော်သောက်တဲ့ အကျင့်ကိုပဲ ကျင့်ယူရမှာပါ။ တစ်နေ့ သောက်သုံးတဲ့ ပမာဏကိုလည်းထိန်းချုပ်ပြီး သောက်မယ်ဆိုရင်တော့ ကျန်းမာစေပြီး အသက်ရှည်စေမှာပါ။

ကော်ဖီသောက်ခြင်းဟာ လေဖြတ်ခြင်းကိုကာကွယ်နိုင်

လေ့လာတွေ့ရှိချက်တစ်ခုရဲ့ တင်ပြချက်အရ တစ်နေ့ကို ကော်ဖီတစ်ခွက် သောက်သုံးသူဟာ လေဖြတ်နိုင်ခြင်း ၂၀% လျော့ကျတယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ကြမ်းရဲ့ အာနိသင်လိုပဲ ရုတ်တရက် လေဖြတ်လေဖြန်းခြင်းကို ကာကွယ်နိုင်ပါတယ်။

ကော်ဖီသောက်ခြင်းဟာ နှလုံးရောဂါကို ကာကွယ်နိုင်

ဘာကြောင့် ဗိုက်ထဲမှာ အစာမရှိခင်မှာ ကော်ဖီမသောက်သင့်သလဲ

ကဖင်းဓာတ်တွေ ပါဝင်တဲ့ ကော်ဖီဟာ နှလုံးရောဂါဖြစ်ပွားစေမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကဖင်းဓာတ်ဟာ နှလုံးအတွက် ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ် များလွန်းရင်လည်း နှလုံးကို ထိခိုက်စေပါတယ်။ ဒါကြောင့် Readymade ကော်ဖီထုပ်တွေကို သောက်တာထက် ကော်ဖီအမှုန့်ကို ဖျော်သောက်ပြီး တစ်နေ့ကို ၂ခွက် သောက်ပေးခြင်းဟာ နှလုံးအတွက် သင့်တော်ပါတယ်။

ကော်ဖီသောက်ခြင်းဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းကို ကာကွယ်နိုင်

ဟားဗတ်တက္ကသိုလ်ရဲ့ ၂၀၁၃ လေ့လာတွေ့ရှိချက်အရ ကော်ဖီသောက်ခြင်းဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဟာ ဆက်သွယ်မှု တစ်ခုရှိတယ်လို့ ဆိုပါတယ်။ ကော်ဖီသောက်ခြင်းဟာ သတ်သေမှုနှုန်း ၆၅%ကို လျှော့ချစေနိုင်ပြီး ဦးနှောက်ရဲ့ စွမ်းအင်ကို တိုးပွားစေပါတယ်။ တစ်နေ့ကို ၂ခွက်အပြင် ပိုမသောက်သင့်ပါဘူး။

ကော်ဖီသောက်ခြင်းဟာ ဆီးချိုကို ကာကွယ်နိုင်

ကော်ဖီဟာ ဖြစ်ပွားမှုနှုန်းများတဲ့ ဆီးချိုကို ကာကွယ်နိုင်ပါတယ်။ ကော်ဖီသောက်ခြင်းဟာ အင်ဆူလင်ပမာဏကို ပိုထွက်စေတယ်လို့ ၂၀၀၄ ခုနှစ် လေ့လာတွေ့ရှိချက်တစ်ခုက ဆိုထားပါတယ်။ သတိထားရမှာကတော့ ကော်ဖီဖျော်တဲ့အခါ သကြားမသုံးမိစေဖို့တော့ သတိထားရပါမယ်။အချိုလျော့ သကြားကို သုံးပေးရင်လည်းရပါတယ်။

ကော်ဖီသောက်ခြင်းဟာ အဆီတွေ လောင်ကျွမ်းဖို့ ကူညီ

ကော်ဖီသောက်ခြင်းဟာ အဆီတွေကိုေ လာင်ကျွမ်းဖို့ ကူညီပေးနိုင်တဲ့ အရာတစ်ခုပါ။ ချိုလွန်းတဲ့ကော်ဖီတွေကတော့ မဖြစ်နိုင်ပါဘူး။ ကော်ဖီကြမ်းလို့ ကော်ဖီမျိုးကတော့ အမှန်တယ် လောင်ကျွမ်းဖို့ ကူညီပါတယ်။

Ref: lifehack