ကြက်သွန်ဖြူ ရေနွေးကြမ်းကို သောက်ကြည့်ဖူးပါသလား။ ကျွန်မတို့ Blog မှာတော့ ကြက်သွန်ဖြူရဲ့ အကျိုးကျေးဇူးတွေကိုတော့ ရေးသားခဲ့ပြီးပါပြီ။ ဒါပေမယ့် မနက်ခင်း ဗိုက်ထဲမှာ ဘာအစားအစာမှ မရှိခင်မှာ ကြက်သွန်ဖြူ ရေနွေးကြမ်းကို သောက်ရင် ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ ဂရိနိုင်ငံမှာဆိုရင်တော့ တိုင်းရင်းဆေးဝါးအသုံးပြုလာခဲ့ကြတော့ကြာပါပြီ။

ကြက်သွန်ဖြူမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Antibiotic များနဲ့ Antioxidants တွေ ပါဝင်ပါတယ်။

weight-loss-questions

ကိုယ်အလေးချိန် လျော့ကျစေ

ကြက်သွန်ဖြူ ရေနွေးကြမ်းမှာ ခန္ဓာကိုယ်က အဆီပိုတွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ မနက်တိုင်းနေ့စဉ်သောက်ရင် ကျန်းမာရေးကို ကောင်းမွန်စေရုံသာမကဘဲ ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးပါတယ်။

landscape-1445720571-g-heart-disease-168832618

နှလုံးကျန်းမာရေးကို ကောင်းမွန်စေ

မကောင်းတဲ့ ကိုလက်စထရောအဆင့်တွေကို လျော့ချပေးပြီး သွေးကြောမှာ အနယ်ကျပြီး သွေးကြောကျဉ်းလာတာကိုလည်း ကူညီပေးနိုင်ပြီး နှလုံးသွေးကြောပိတ်ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ ရေနွေးကြမ်းတစ်ခွက်ကိုသောက်ရင် ဗီတာမင် A, B1,B2 နဲ့ C တို့ရရှိမယ့်အပြင် တခြား အားကောင်းတဲ့ Antioxidants တွေလည်း ရရှိနိုင်ပါတယ်။

Improves-Your-Immune-System

ကြက်သွန်ဖြူမှာ ရောဂါတွေကို ခုခံနိုင်တဲ့ အစွမ်းသတ္တိရှိ

ကြက်သွန်ဖြူမှာ ရောဂါတွေကို ခုခံကာကွယ်နိုင်တဲ့ Antibiotic ဓာတ်ရှိတာကြောင့် အအေးမိခြင်း နဲ့ တခြား ဖျားနာ တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဂရိစစ်သားတွေဟာဆိုရင် စစ်တိုက်ပြီးပြန်လာတာနဲ့ ကြက်သွန်ဖြူ ရေနွေးကြမ်းတွေ သောက်လေ့ရှိတယ်လို့ သမိုင်းမှတ်တမ်းများအရသိရပါတယ်။ သူ့မှာ ပိုးဝင်တာတွေ၊ ရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိတာကြောင့် ဖြစ်ပါတယ်။

garlic-1

ကြက်သွန်ဖြူ ရေနွေးကြမ်းကို ဘယ်လိုပြင်ဆင်မလဲ

  • ကြက်သွန်ဖြူဥ ၁လုံး
  • ရေ တစ်ခွက်
  • တောက်တောက်စဉ်းထားတဲ့ ဂျင်း လက်မလက်သည်းခွံလောက်အရွယ်
  • သံပုရာသီး အရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

green-tea-Daniel-Friedle-500x333

ပြင်ဆင်နည်း

ပထမဦးဆုံး ရေတစ်ခွက်ကို အိုးထဲထည့် မီးဖိုပေါ်တင်ပြီး ဆူအောင်လုပ်ပါ။ ဆူလာရင် ကြက်သွန်ဖြူဥကို ပါးပါးလှီး၊ ကြိတ်ထားပါ။ ရေဆူနေတဲ့အထဲကို ပါးပါးလှီးထားတာ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ရေနွေးထဲထည့်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ အတွင်း ချက်လိုက်ပါ။ မီးဖိုပေါ်ကချပြီး ၁၀ မိနစ်လောက် ထားပါ။ အဲ့ဒီထဲကို သံပုရာသီး အရည်စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း တို့ကို ထည့်ပြီး မွှေလိုက်ပြီး သောက်လို့ရပါပြီ။ ကြက်သွန်ဖြူ ရေနွေးကြမ်းသောက်လို့ ပါးစပ်နံမှာ စိတ်မပူပါနဲ့။ ကြက်သွန်ဖြူရဲ့ အနံ့အသက်ဆိုးတွေဟာ ရေနွေးပူပူထဲမှာ ပျောက်သွားတာကြောင့် ပါးစပ်မှာ စွဲကျန်ခဲ့မှာမဟုတ်ပါဘူး။

မနက်တိုင်း ဘာမှမစားခင်မှာ ကြက်သွန်ဖြူ ရေနွေးကြမ်းကို သောက်သုံးသင့်ပါတယ်။

Featured Image Source: vienhanhtoiden.com