ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ရေနွေးအဖြူတစ်ခွက်ကနေ ပေးတဲ့ကောင်းကျိုးများ

August 6, 2016

ရေနွေးအဖြူတစ်ခွက်ကနေ ပေးတဲ့ကောင်းကျိုးများ

Share this on:

လက်ဖက်ခြောက်မပါဘဲ ရေနွေးအကြည်ကို ပုံမှန်သောက်ပေးလေ့ရှိ ပါသလား … ? သင်ဟာ ရေနွေးအကြည်တစ်ခွက်ကို နေ့စဉ် သောက်ပေးလေ့ရှိတဲ့ အလေ့အထ ရှိတယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို မလွဲမသွေ ခံစားရမယ်ဆိုတာ Shwemom က ပြောချင်ပါတယ်။

(၁) အဆီကျစေတယ်

2

ရေနွေးအကြည်ဟာ ကျန်းမာတဲ့ Metabolism ကို ထိန်ပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးတဲ့ လုပ်ငန်းဆောင်တာတွေကို အများကြီး အထောက်အကူ ပြုပေးပါတယ်။ သွေးခဲမှု၊ သွေးကြောပိတ်မှုတွေကိုလည်း မဖြစ်ပေါ်စေဘဲ သွေးလည်ပတ်စီးဆင်းမှုကိုလည်း ပုံမှန်အနေအထားကို ထိန်းပေးပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုကို လျှင်မြန်စေပြီး အစာချက်အားကို ကောင်းစေလို့ အဆီကို အမြန်ကျဆင်းစေပါတယ်။

(၂) အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို မဖြစ်စေဘူး

အအးမိ ချောင်းဆိုးခြင်း၊ ချွဲသလိပ်ကပ်ခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း စတဲ့ ရောဂါတွေကိုလည်း ရေနွေးအကြည် ပူပူလေး မှုတ်သောက်ပေးတာနဲ့ ကာကွယ်ပေးပြီးသား ရောက်စေပါတယ်။ အဲဒီရောဂါတွေ ဖြစ်နေတယ်ဆိုရင်လည်း သက်သာပျောက်ကင်းစေပါတယ်။

(၃) အမျိုးသမီးတွေ ဓမ္မတာလာစဉ် ကြွက်တက်ခြင်းကို မဖြစ်စေဘူး

1

အမျိုးသမီးတွေဟာ ဓမ္မတာလာစဉ်မှာ သံဓာတ်အားနည်းလို့ပဲဖြစ်ဖြစ်၊ ကယ်လ်စီယံဓာတ်အားနည်းလို့ပဲဖြစ်ဖြစ် ကြွက်တက်လေ့ရှိပါတယ်။ ရေနွေးအကြည်ဟာ ခန္ဓာကိုယ်ကြွက်သားများရဲ့ လှုပ်ရှားမှုကို စနစ်တကျ ဖြစ်စေလို့ အမျိုးသမီးတွေ နေ့စဉ် သောက်ပေးသင့်တဲ့ အရာ ဖြစ်ပါတယ်။

(၄) အိုမင်းမှုကို ကာကွယ်ပေးတယ်

ရေနွေးအဖြူဟာ အရွယ်မတိုင်မီ အိုမင်းမှုကို ကာကွယ်ပေးနိုင်တဲ့ ဆေးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်တွေကို တိုက်ဖြတ်ပေးပြီး၊ ရောဂါဘယအားလုံးကို ဖိတ်ခေါ်ရာရောက်စေတဲ့ နှလုံးသွေးတိုး ဆီးချိုစတဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးလို့ပါဘဲ။

(၅) ၀က်ခြံမှဲ့ခြောက်တွေကို မဖြစ်စေဘူး

3

ရေကြည်နွေးလေး တစ်ခွက်လောက် မနက်တိုင်း ပုံမှန်သောက်သုံးပေးသူတွေမှာ ၀က်ခြံတင်းတိပ် မှဲ့ခြောက်တွေကို မဖြစ်စေပါဘူး။ ရေနွေးအကြည်ဟာ အရေးပြားဆိုင်ရာ ကျန်းမာရေးကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်ပြီး အမြစ်တွယ်ပြီးမှ ဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.8 (21 Votes)