ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဒန့်သလွန်သီးရဲ့ ကောင်းကျိုး (၁၀) မျိုး

August 7, 2016

ဒန့်သလွန်သီးရဲ့ ကောင်းကျိုး (၁၀) မျိုး

Share this on:

ဒန့်သလွန်သီးဟာ အလွန် ခံတွင်းမြိန်စေတဲ့ အစားအသောက်ဖြစ်ပါတယ်။ များသေားအားဖြင့်တော့
ငါးခြောက်ရိုး၊ ငါးရံ့၊ ငါးခူး စတာတွေနဲ့ ချဉ်ရေချက်သောက်ကြသလို၊ အခြားသီးနှံများနဲ့ရောပြီး သီးစုံ
ဟင်းချက်စားလို့လည်း ရပါတယ်။ ဒန့်သလွန်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အောက်ပါ ကောင်းကျိုး
(10) မျိုးကို ရရှိနိုင်ပါတယ်။

1. ဖျားနားခြင်းနဲ့ အအေးမိခြင်းကို ပျောက်ကင်းစေနိုင်တယ်။

သက်စောင့်ဓာတ်လို့ ပြောလို့ရတဲ့ ဗီတာမင် C ဓာတ်ဟာ ဒန့်သလွန်သီးထဲမှာ ကြွယ်ဝစွာပါဝင်ပါတယ်။
ဒါကြောင့် ရာသီဥတုကြောင့် အအေးမိခြင်း ဖျားနာခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

2. အရိုးအစစ်ကို သန်မာစေနိုင်တယ်။

ဒန့်သလွန်သီးမှာ သံဓာတ်၊ ကယ်လီစီယံနဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ အရိုးအစစ်ကို သန်မာ
စေနိုင်ပြီး သွေးကိုလည်း သန့်စင်စေနိုင်ပါတယ်။

3. ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့မထွက်တဲ့ မိခင်တွေအတွက် သင့်တော်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေမှာ ဖြစ်တတ်တဲ့ သံဓာတ်၊ ကယ်လီစီယံနဲ့ ဗီတာမင်ဓာတ် ချို့တဲ့ခြင်းကို
ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ သားအိမ်ကိုလည်း သက်တောင့်သက်သာ ဖြစ်စေပြီး မမွေး
ရသေးတဲ့ ကလေးငယ်ကိုပါ ကျန်းမာစေပါတယ်။ နို့မထွက်တဲ့ မိခင်များလည်း ဒန့်သလွန်သီးကို
စားပေးပါက နို့ထွက်လာနိုင်ပါတယ်။

4. ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။

အရေအပြား၊ လည်ချောင်းနဲ့ အအေးမိရောဂါ-စတဲ့ ဘက်တီးရီယားနဲ့ ဗိုင်းရပ်တို့ကြောင့် ဖြစ်တဲ့ ရော
ဂါတွေကို ဒန့်သလွန်သီးစားပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု စွတ်စိုခြင်းကြောင့်
ဖြစ်တဲ့ အရေအပြား မှိုစွဲခြင်းကို ကာကွယ်ပေးနိုင်ပြီး အရေအပြားအလှကို ဖြည့်စွမ်းပေးနိုင်ပါတယ်။

5. အစာမကျေ ၀မ်းဗိုက်ဖောရောင်ခြင်းကို ကာကွယ်ပေးနိုင်တယ်

ဗိုက်ထဲမှာ တအီအီနဲ့ အစာမကြေ ရင်ပြည့်ရင်ကယ် ၀မ်းဖောဝမ်းရောင်ဖြစ်နေပါက ဒန့်သလွန်ရွက်ကို
ထောင်းပြီး စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်းခန့်သောက်ပေးပါက ချက်ချင်း ယူပစ်သလို ပျောက်သွားစေနိုင်ပါ
တယ်။

6. အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်။

ပန်းနာရင်ကြပ် ချောင်းဆိုးကဲ့သို့သော အဆုတ်ရောဂါတွေကို ဒန့်သလွန်သီးကို ရေနဲ့ပြုတ်ပြီး သောက်
ပေးပါက ပျောက်ကင်းစေနိုင်ပါတယ်။ ရောဂါပြင်းထန်ရင် နှစ်ရက်လောက် မနက်တစ်ကြိမ် ညတစ်ကြိမ်
ဆက်တိုက်သောက်ပေးရင် အဆုတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ကင်းဝေးပါလိမ့်မယ်။

7. အသားအရေတွက်ဆေး

ဝက်ခြံ တင်းတိတ်၊ မှဲ့ခြောက်များ ရှိနေတဲ့ အသားအရေပိုင်ရှင်များအတွက် ဒန့်သလွန်သီး သို့မဟုတ်
ဒန့်သလွန်ရွက်ကို သံပုရာရည်အနည်းငယ်နဲ့ ရောထောင်းပြီး မျက်နှာပေါ်မှာ ပေါင်းတင်သလို လုပ်ပေး
ပါက ၀က်ခြံ တင်းတိတ်၊ မှဲ့ခြောက်များကို ပျောက်ကင်းစေပါတယ်။

8. ပန်းသေရောဂါအတွက် မျှော်လင့်ချက်အစစ်အမှန်

ဒန့်သလွန်သီးကို ပုံမှန်စားသုံးပေးပါက အမျိုးသားများအတွက် ပန်းသေရောဂါကို ကြိုတင်ကာကွယ်
ပေးနိုင်ပါတယ်။ ဒါ့အပြင် လိင်ကိစ္စမှာ မြန်ဆန်ခြင်းကိုလည်း ကာကွယ်ပေးပြီး ကျန်းမာရွှင်လန်းတဲ့
အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်စေမှာပါ။

9. ကလေးငယ်တွေအတွက် အားဆေး

ဒန့်သလွန်သီး ဒန့်သလွန်ရွက် စသည်တို့ဟာ ကလေးငယ်တွေ လျှင်မြန်စွာ ဖွံဖြိုးမှု၊ မှတ်ဉာဏ်
ကောင်းစေဖို့၊ အရိုးအဆစ်သန်မာစေဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဒန့်သလွန်သီးမှာ
ကယ်လ်စီယံနဲ့ ဗီတာမင် C စတဲ့ ဓာတ်တွေဟာ ကလေးလူကြီးမရွေး သင့်တော်တဲ့ ဓာတ်တွေဖြစ်
ပါတယ်။

10. သွေးဖိအားကို ထိန်းပေးနိုင်တယ်။

သွေးတိုးရောဂါသည်တွေ၊ သွေးဖိအားမမှန်တဲ့သူတွေအနေနဲ့ ဒန့်သလွန်သီး/အရွက်ကို ထောင်းပြီး
သောက်ပေးပါက ပိုပြီး ထိရောက်မှုရှိပါတယ်။ ဒန့်သလွန်သီးမှာပါတဲ့ ဗီတာမင် C ဟာ ပုံမှန်သွေး
အခြေအနေကို ထိန်းပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

0 (0 Votes)