ကြွက်နားရွက်မှိုကို တချို့ကလည်း အဘိုးကြီး၊ အဘွားကြီး မှိုလို့လည်း ခေါ်ပါတယ်။ မှိုရဲ့ပုံစံက လူသားရဲ့ နားရွက်နဲ့ဆင်တူတာကြောင့် ကြွက်နားရွက်မှိုလို့ခေါ်ကြတာပါ။

အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေး

ကြွက်နားရွက်မှိုကို အသက်ကြီးတဲ့သူတွေ စားပေးသင့်ပါတယ်။ ကြွက်နားရွက်မှိုမှာ Polysaccharide အင်ဇိုင်းပါဝင်ပြီး မှတ်ဉာဏ်နဲ့ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေကာ အယ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

စိတ်ဂနာမငြိမ်ဖြစ်မှု နဲ့ ရောင်ရမ်းမှုကို သက်သာစေ

ကြွက်နားရွက်မှိုမှာပါဝင်တဲ့ ဓာတ်တွေက စိတ်ကို တည်ငြိမ်စေပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်အတွင်းအပြင် ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေး

ကြွက်နားရွက်မှာ ဗီတာမင် B2 ကြွယ်ဝစွာပါဝင်နေပြီး စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးပါတယ်။

Free Radicals တွေကို ဖယ်ရှားပေးနိုင်

လူတွေစားသုံးလိုက်တဲ့ အစားအစာတွေကနေ Free Radicals တွေပါလာတတ်ပါတယ်။ Free Radicals တွေ ခန္ဓာကိုယ်ထဲမှာ စုပြုံလာရင် ကင်ဆာရောဂါနဲ့ နှလုံးရောဂါတွေဖြစ်လာနိုင်ပါတယ်။

ကြွက်နားရွက်မှာပါဝင်တဲ့ ဗီတာမင် B2 က Antioxidant လိုဘဲ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့၊ အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ

နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့က သွေးကြောတွေထုံးလာတာ၊ သွေးကြောတွေ ကျဉ်းလာတာကြောင့် ဖြစ်လာတတ်တဲ့ ရောဂါမျိုးတွေပါ။

ကြွက်နားရွက်မှိုက သွေးလည်ပတ်မှုကို ထောက်ပံ့ပေးပြီး သွေးကြောထုံးတာ၊ ကျဉ်းတာတို့ကို လျော့ချပေးပါတယ်။

အဆိပ်အတောက်တွေ ဖယ်ရှားပေး

ကြွက်နားရွက်မှိုမှာ ဟင်းသီးဟင်းရွက် အဆိပ်အတောက်တွေ၊ ပိုးသတ်ဆေး အဆိပ်အတောက်တွေကို ဖယ်ရှာပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။