ပန်းပွင့်စိမ်းလို့ မြန်မာလိုခေါ်တဲ့ Broccoli ဟာ ကမ္ဘာမှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အစားအစာ တစ်မျိုးပါ။ ကယ်လိုရီပါဝင်မှု နည်းပါးပြီး အာဟာရဖြစ်စေမယ့် သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာ ဖြစ်လာစေတာပါ။

လေ့လာတွေ့ရှိသူတွေရဲ့ ပြောစကားအရ ပန်းစိမ်းကို တစ်ပတ်မှာ ၃-၄ကြိမ် စားပေးရင် ဆီးချိုဖြစ်စေမှုကို တားဆီးပေးခြင်း၊ နှလုံးရောဂါ၊ ရင်ကြပ်နဲ့ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ခြား အချက်တွေလည်း ရှိပါသေးတယ်။

  • ပန်းပွင့်စိမ်းမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် သွေးထဲမှာ ရှိတဲ့ ကိုလက်စထရောကို လျှော့ချစေနိုင်ပါတယ်။
  • အရိုးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ကေ နှစ်မျိုးစလုံးဟာ မြင့်မားစွာ ပါဝင်နေပါတယ်။
  • ပန်းဂေါ်ဖီစိမ်း (Broccoli) မှာ ပါဝင်တဲ့ ဒြပ်ပေါင်း တစ်မျိုးဟာ ကင်ဆာ ကျိတ်တွေ ကြီးထွားမှုကို ဖြစ်စေတဲ့ အဓိက ဆဲလ်တွေကို ဟန့်တားနိုင်ကြောင်း သုတေသန ပညာရှင်တွေ တွေ့ရှိထားပါတယ်။

Broccoli

  • ဆေးလိပ်သောက်သူတွေ ပန်းပွင့်စိမ်းကို စားပေးသင့်ပါတယ်။ ဆာလ်ဖိုရာပိန်းလို့ ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ အဆုတ်ကို သန့်စင်စေပြီး ရောဂါ ကာကွယ်နိုင်တဲ့ ဆဲလ်တွေကို အသက်ဝင်စေနိုင်တာကြောင့်ပါ။
  • ခန္ဓာကိုယ် အလေးချိန် ပုံမှန် ထိန်းသိမ်းလိုသူများ ပန်းပွင့်စိမ်းကို ဆီနည်းနည်းနဲ့ ကြော်စားနိုင်သလို သုပ်စားလို့လည်း ရပါတယ်။
  • ပန်းပွင့်စိမ်းဟာ အရွယ်မတိုင်ခင် အယ်လ်ဇိုင်းမားဖြစ်ခြင်းကို ကာကွယ်ပေးပြီး မှတ်ဉာဏ်စွမ်းအားကို တိုးပွားစေတယ်လို့ ဗြိတိန်သုတေသန ပညာရှင်တွေက ဆိုပါတယ်။

Broccoli_cook
ပန်းပွင့်စိမ်းဟာ ကျန်းမာစေတယ်ဆိုတာ အထူးတလည်တော့ ပြောဖို့ လိုမယ်မထင်ပါဘူး။ ဒါပေမယ့် ချက်ပြုတ်ရမှာ အကောင်းဆုံးကတော့ ၂မိနစ်လောက်အထိပဲ အပူပေးပြီး ချက်ပြုတ်သင့်ပါတယ်။ နဂို နူးညံ့တဲ့ သဘော ရှိတာကြောင့် မနူးးမှာ မပူရပါဘူး။

Credit: zeenews