ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကြက်သားစားခြင်းရဲ့ ကောင်းကျိုး (၁၀) မျိုး

August 7, 2016

ကြက်သားစားခြင်းရဲ့ ကောင်းကျိုး (၁၀) မျိုး

Share this on:

ယခင်က ကြက်သားကို လူဂုဏ်ထံများသာ စားနိုင်ခဲ့ကြပြီး အခုအခါမှာတော့ ဖွံ့ဖြိုးလာတဲ့ မွေးမြူ
ရေးလုပ်ငန်းတွေကြောင့် သန့်စင်လက်ဆက်တဲ့ ကြက်သားကို လူတိုင်း အဖိုးနှုန်းသင့်တင့်စွာနဲ့ ၀ယ်
ယူနိုင်နေပြီ ဖြစ်ပါတယ်။ ကြက်သား စားခြင်းရဲ့ ကောင်းကျိုး (10) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. ပရိုတိန်းဓာတ်ကြွယ်ဝခြင်း

ကြက်သားဟာ အခြားအသားများထက် အဆီပါဝင်မှု နည်းပြီး ပရိုတိန်းဓာတ် အလွန်ကြွယ်ဝတဲ့
အသားဖြစ်ပါတယ်။ ကြက်သားကို နေ့စဉ် 10 ကျပ်သားခန့် စားပေးသင့်ကြောင်း ဆရာဝန်တွေက
အကြံပြုရခြင်းမှာ ကြက်သားဟာ အားအင်ကို ဖြစ်စေပါတယ်။ လူမမာနဲ့ နလံထတွေအတွက် သင့်
တော်တဲ့အသားဖြစ်ပါတယ်။

2. စိတ်ဓာတ်ကျခြင်းကို ကာကွယ်ပေးနိုင်တယ်။

ကြက်သားမှာ Tryptophan လို့ ခေါ်တဲ့ အမီနိုအက်စစ်ဓာတ်လည်း ပါဝင်လို့ စာသုံးသူကို စိတ်ဓာတ်
ကျဆင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အမီနိုအက်စစ်ဓာတ်ဟာ လူကို လန်းဆန်းစေပြီး စိတ်ဖိ
အားကို လျှော့ချရာမှာ အသုံးဝင်ပါတယ်။

3. အရိုးပျက်ဆီးခြင်းကို ကာကွယ်ပေးနိုင်တယ်။

အသက်အရွယ်အရ အရိုးပျက်ဆီးခြင်းကို ကာကွယ်ဖို့အတွက် ကြက်သားကို စားသုံးပေးသင့်ပါ
တယ်။ ဒါ့အပြင် အရိုးကျိုးခြင်းနဲ့ ခန္ဓာကိုယ်မှာ ပျက်ရှဒဏ်ရာရခြင်းအတွက် ကြက်သားမှာပါတဲ့
ပရိုတိန်းဓာတ်က အရိုးဆဲလ်အသစ်များ၊ အသားဆဲလ်အသစ်များကို အမြန်ဖြစ်စေနိုင်ပါတယ်။

4. နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်။

ကြက်သားဟာ အာဟာရရှိပြီး စားကောင်းရုံမျှ မကဘဲ သူဌေးရောဂါလို့ ခေါ်ကြတဲ့ နှလုံးရောဂါ
ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သားဟာ နှလုံးရောဂါ ဖြစ်နိုင်ချေရှိတဲ့ homocysteine
level ကို ကျဆင်းစေနိုင်စွမ်း ရှိပါတယ်။

5. ဖော့စပေါရပ်စ် ပမာဏပါဝင်မှု

ဖော့စပေါရပ်စ်ဓာတ်ဟာ သွားတွေရဲ့ပြင်ပ ကြွေလွှာတွေကို ဖြူဖွေးလှပစေနိုင်ပါတယ်။ ဒါကြောင့်
ကြက်သားကို စားပေးခြင်းဟာ သွားအလှကို ပိုမိုပေါ်လွင်စေခြင်းလို့ ပြောဖို့ရပါတယ်။

6. အမောလုံစေတယ်။

ကြက်သားမှာ အမောလုံစေပြီး ခန္ဓာကိုယ်အတွက် ကိုယ်ခံစွမ်းအားကို ဖြစ်စေနိုင်တဲ့ Selenium
ဓာတ် ပါဝင်ပါတယ်။ အားကစားသမားတွေ၊ ချွေးထွက်များတဲ့ ကာယလုပ်သားတွေ အထူးစား
သုံးပေးသင့်တဲ့ ဟင်းလျှာဖြစ်ပါတယ်။

7. ခန္ဓာကိုယ်အတွက် Metabolism ကို မြင့်မားစေတယ်

Metabolism ဆိုတာ ရောဂါအားလုံးကို ကာကွယ်ပေးနိုင်တဲ့ ခန္ဓာကိုယ်ကနေ ဓာတ်ပြုထုတ်လုပ်
တဲ့ တန်ပြန်သက်ရောက်မှုဖြစ်ပါတယ်။ အဲဒီ Metabolism ကို ဘယ်ကနေ ရနိုင်သလဲဆိုရင် နေ့
စဉ်စားနေတဲ့ အစားအစာတွေထဲကနေ ရနိုင်ပါတယ်။ ကြက်သားကတော့ အခြား အသားတွေ
ထက် ဆိုးကျိုးနည်းပြီး Metabolism ကို မြင့်မားစေနိုင်ပါတယ်။

8. ကင်ဆာကို ကာကွယ်ပေးနိုင်တယ်။

ဗီတာမင် B လို့ ခေါ်တဲ့ Niacin ဓာတ် ကြက်သားမှာ ပါဝင်ပါတယ်။ ကင်ဆာရောဂါဆိုးကို ကာကွယ်
ပေးနိုင်ပြီး DNA ပျက်ဆီးခြင်းကိုလည်း လျှော့နည်းစေနိုင်ပါတယ်။

9. မျက်လုံးအမြင် ကြည်လင်စေနိုင်တယ်။

ဗီတာမင် A အုပ်စုဝင်တွေဖြစ်တဲ့ Alpha, Beta-Carotene နဲ့ Lycopene ဓာတ်တွေ ကြက်သားမှာ
ကြွယ်ဝစွာ ပါဝင်လို့ မျက်စိအမြင် မှုန်ဝါးခြင်း၊ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းတို့ကို သက်
သာပျောက်ကင်းစေနိုင်ပါတယ်။

10. အသားရည်ကို လှပစေနိုင်တယ်။

ကြက်သားကို ပုံမှန်စားသုံးပေးပါက နှုပ်ခမ်းကွဲခြင်း၊ ကျီးပါးစပ်နာဖြစ်ခြင်း၊ လျှာကွဲခြင်းတို့ မဖြစ်ပေါ်
စေပါဘူး။ အကြောင်းကတော့ ကြက်သားဟာ ဆဲလ်အသစ်တွေ လျှင်မြန်စွာ ဖြစ်ပေါ်မှုကို ထောက်ပံ့
ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားရည် လှပမှုကိုလည်း ရရှိစေနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

5 (4 Votes)