ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဆလက်ရွက်ရဲ့အာနိသင် (၇) မျိုး

August 7, 2016

ဆလက်ရွက်ရဲ့အာနိသင် (၇) မျိုး

Share this on:

ဆလက်ရွက်ဟာ ဆောင်းရာသီမှာ ပေါ်တတ်တဲ့ ဟင်းရွက်ဖြစ်ပါတယ်။ ဒါပေမယ့် ထွန်းကားလာတဲ့ စိုက်ပျိုးရေးစနစ်တွေ
ကြောင့် ဆလက်ရွက်ဟာ ပြတ်လက်ခြင်းမရှိဘဲ ဈေးကွက်ထဲမှာ ပေါပါတယ်။ ဆလက်ရွက်ကို များသောအားဖြင့် အတို့
အမြုပ်သဘောလောက် လုပ်စားကြပြီး၊ ၀က်၊ ကြက်၊ ငါး-စသည်တို့ကို ကြော်ချက်တဲ့အခါမှာလည်း ဖြည့်စွက်ဟင်းရွက်
အဖြစ် ထည့်သုံးကြပါတယ်။ အချို့ဒေသတွေမှာတော့ ဆလက်ရွက်ကို သုပ်စားတာမျိုး ရှိပါတယ်။ ဆလက်ရွက်ကနေ ပေး
တဲ့ အာဟာရကောင်းကျိုး (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်အလေးချိန်ကို ကျစေပါတယ်

2

ဆလက်ရွက်မှာ ကယ်လိုရီ 12% သာပါဝင်ပါတယ်၊ ဒါ့အပြင် Fat လုံးဝ မပါပါဘူး။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်လို့ အစာ
ချေစနစ်နဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို မြန်ဆန်စေပါလို့ ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေတယ်

ဆလက်ရွက်မှာ Vitamin C နဲ့ Beta-Carotene ဓာတ်တွေ ပါဝင်လို့ နှလုံးကျန်းမာရေးကို အထူး ကောင်းမွန်စေပါတယ်။
အဆိုပါ ဓာတ်တွေဟာ သွေးတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးနိုင်လို့ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်
စေပါတယ်။

(၃) Omega-3 Fatty Acid ပါဝင်မှု

3

ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ Omega-3 Fatty Acid ဟာ ဆလက်ရွက်ထဲမှာ ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ခန္ဓာ
ကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေသလို ကင်ဆာကဲ့သို့သော ရောဂါဆိုးကြီးတွေကို ကာကွယ်ပေးနိုင်ပါ
တယ်။

(၄) ပြည့်ဝတဲ့ ပရိုတိန်းဓာတ်

အခြားဟင်းရွက်တွေလိုပဲ ဆလက်ရွက်ဟာ ပရိုတိန်းဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်။ ပရိုတိန်းဓာတ် 20% အထိ ပါဝင်ပြီး
ဗီတာမင် C ပါဝင်လို့ သွေးအားနည်းရောဂါ၊ သွေးတိုးသွေးကျရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၅) အိပ်မပျော်တဲ့ရောဂါကို ပျောက်ကင်းစေနိုင်တယ်

ဆလက်ရွက်ကို ချိုးကြည့်လိုက်တဲ့အခါ အဖြူရောင်အစေးလေးတွေ ပါတတ်ပါတယ်။ အဲဒီအဖြူရောင်အစေးလေးတွေကို
Lactucarium လို့ ခေါ်ပြီး အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ စိတ်ဖိအားကို ပြေပျောက်စေပါတယ်။ ဆလက်ရွက်ကို ပုံမှန်စား
ပေးပါက ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

(၆)  Lactucarium သို့မဟုတ် Lettuce ဟာ  Alkaline ပုံစံဖြစ်ပါတယ်

4

ဆလက်ရွက်မှာပါတဲ့ Lactucarium ဟာ ခန္ဓာကိုယ်အတွင်း ၀င်ရောက်လာတဲ့ အကျိုးမပြုနိုင်တဲ့ အဆိပ်အတောက်တွေ
ကို တိုက်ဖြတ်နိုင်စွမ်းရှိပါတယ်။ စိတ်ဖိအားတွေကိုပါ လျှော့ချပေးနိုင်လို့ ဆလက်ရွက်ဟာ စိတ်ရောကိုယ်ရော ကျန်းမာ
စေနိုင်ပါတယ်။

(၇) ပုံမှန်စားသုံးပေးသင့်တဲ့ အရွက်

ဆရွက်ကို ပုံမှန်စားသုံးပေးပါက အဆီကျစေတယ်၊ သွေးအားနည်း၊ သွေးတိုး/သွေးကျ ရောဂါတွေကို ပျောက်ကင်းစေနိုင်
တယ်၊ ကင်ဆာအစရှိတဲ့ ရောဂါဆိုးတွေကိုလည်း ကာကွယ်ပေးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

5 (1 Votes)