ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ခရမ်းသီးရဲ့ အကျိုးအာနိသင် (၇) မျိုး

August 7, 2016

ခရမ်းသီးရဲ့ အကျိုးအာနိသင် (၇) မျိုး

Share this on:

ခရမ်းသီးကို လူတိုင်း စားဖူးပါလိမ့်မယ်။ အနည်းငယ် သက်တဲ့ အရသာဖြစ်ပြီး သားငါးမျိုးစုံနဲ့ ချက်စားကြတာ ရှိသလို
ခရမ်းသီးသက်သက်ကို အချို/အစပ် ချက်စားရင်လည်း အရသာ အလွန်ရှိပါတယ်။ ခရမ်းသီးမှာ လူကို အကျိုးပြုနိုင်တဲ့
အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒါကြောင့် ခရမ်းသီးကနေ ရရှိနိုင်တဲ့ အကျိုးအာနိသင် (၇) မျိုးကို ဗဟုသု
တအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆီကျစေတယ်

ခရမ်းသီးမှာ Chlorogenic Acid ဓာတ်နဲ့  Phytochemical နဲ့ အမျှင်ဓာတ်တွေ ပါဝင်လို့ အစာခြေစနစ်ကို လျှင်မြန်စေ
ပါတယ်။ ကယ်လိုရီကိုလည်း လျှင်မြန်စွာ လောင်ကျွမ်းစေနိုင်သလို ခရမ်းသီးမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏကလည်း အ
လွန်နည်းပါးပါတယ်။

(၂) ကိုလက်စထရောကို လျှော့ချပေးတယ်

2

ခရမ်းသီးမှာပါတဲ့ Anthocyanin ဓာတ်ဟာ သွေးတွင်းမှာရှိတဲ့ ကိုလက်စထရောဓာတ်ကို လျှင်မြန်စွာ ကျဆင်းစေနိုင်ပါ
တယ်။ ဒိအဓိပ္ပါယ်က ခရမ်းသီး ပှုံမှန်စားပေးခြင်းဖြင့် နှလုံးရောဂါနဲ့ ဆက်စပ်ရောရဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့
အဓိပ္ပါယ် သက်ရောက်စေပါတယ်။

(၃) သွေးလည်ပတ်မှု စနစ်ကို ကောင်းမွန်စေတယ်

နေ့စဉ် စားသုံးသင့်တဲ့ ခရမ်းသီးမှာ အမျှင်ဓာတ်နဲ့ ကာဘိုဟိုက်ဒြိတ်ဓာတ် ပါဝင်လို့ သွေးထဲမှာရှိတဲ့ အဆီခဲတွေ၊ သွေးခဲ
ခြင်းတွေ၊ သွေးကြောပိတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး သွေးဖိအားကို ပုံမှန်အခြေအနေမှာ ထိန်းပေးနိုင်ပါတယ်။

(၄) ကင်ဆာကို ကာကွယ်ပေးနိုင်တယ်

3

ခရမ်းသီးမှာ Solasodine Rhamnosyl Glycoside ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ ကင်ဆာဆဲဖြစ်ခြင်းကို ကာ
ကွယ်ပေးနိုင်ပြီး ဖြစ်နေပြီးသား ကင်ဆာဆဲလ်တွေကိုတောင် တိုက်ဖြတ်နိုင်စွမ်း ရှိပါတယ်။

(၅) အဆိပ်အတောက်ကို ဖယ်ရှာပေးနိုင်တယ်

ခရမ်းသီးမှာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှာပေးတဲ့ Enzyme တွေ ပါဝင်ပါတယ်။ အစား
မှားခြင်းကြောင့် ဖြစ်တဲ့ ၀မ်းဗိုက်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ရာသီဥတုကြောင့် ၀င်လာနိုင်တဲ့ အဖျားရောဂါတွေကို
လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၆) မှတ်ဉာဏ်ကောင်းစေနိုင်တယ်

နေ့စဉ်စားပေးသင့်တဲ့ ခရမ်းသီးမှာ ဦးနှောက်ရဲ့ ဖွဲ့စည်းပုံကို ထောက်ပံ့နိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ခရမ်းသီးရဲ့
အပြာရောင် အခွံမှာ Anthocyanin Phytonutrient  လို့ခေါ်တဲ့ Nasunin ဓာတ် ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ဦးနှောက်ရဲ့
လုပ်ငန်းဆောင်တာတွေကို များစွာ အကူအညီပေးနိုင်ပါတယ်။

(၇) အရိုးတွေကို သန်မာစေတယ်

ခရမ်းသီးမှာ Copper ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိတဲ့ အရိုးပါး၊ အရိုး
ဆွေး၊ အရိုးဆဲလ်ပျက်စီးခြင်းတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပြီး လူငယ်လူရွယ်များအတွက်လည်း အရိုးကို သန်
မာစေနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.2 (5 Votes)