ပန်းသီးကို တစ်နေ့ တစ်လုံးစားရင်ဆရာဝန်ဆီ သွားစရာမလိုဘူး ဆိုတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ပန်းသီးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဟာရဓာတ်တွေများစွာပါဝင်နေပြီး ပရိုတင်းဓာတ် ဗီတာမင် နဲ့ သတ္တုဓာတ် ၊ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

မနက်မိုးလင်းလို့ ဗိုက်ထဲမှာ ဘာအစာမှမစားရသေးခင် ပန်းသီးအစိမ်းတစ်လုံးကို စားပေးတာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကတော့

Antioxidant

apples

Antioxidant ဓာတ်ဟာ ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာတဲ့ ဆဲလ်တွေကို ပြန်ပြီးထုတ်လုပ်ပေးတာကြောင့် သင့်ကို ဘက်တီးရီးယားပိုးတွေ ရောဂါအမျိုးမျိုး ဝင်ရောက်ခြင်းကနေလည်း ကာကွယ်ပေးသလို အသားအရေလည်းလှပစေပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးခြင်း

Vitamin-D-weight-losss

ပန်းသီးကို အစာမရှိခင်စားပေးတာဟာ ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။ ညဖက်မှာ စားပေးရင်လည်း ကောင်းမွန်ပါတယ်။အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေလမ်းကြောင်းကို ကောင်းမွန်စေသလို အူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။

သွားကို ကျန်းမာစေခြင်း

teeth-2

ညဖက်မှာ သွားတိုက်ဖို့ပျင်းတတ်တဲ့သူတွေဟာ အိမ်ပြန်ရောက်တာနဲ့ ပန်းသီးအစိမ်းတစ်လံးကို စားပေးနိုင်ပါတယ်။ သွားတွေကို သန်မာစေပြီး အရည်ရွှမ်းတာကြောင့်လည်း အသားအရေကို လှပစေပါတယ်။ ညဖက်သွားတိုက်ပြီးအိပ်ယာဝင်လို့ မနက်ဖက်မှာ ပန်းသီးတစ်လုံးစားပြီး မနက်စာ စားပေးပါ။ ပြီးမှ သွားတိုက်ပေးနိုင်ပါတယ်။ ဒါဟာ သွားကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

နှလုံးခုန်နှုန်းကို မှန်စေခြင်း

ပန်းသီးကို အစာမရှိချိန်မှာ စားပေးတာဟာ ပိုတက်ဆီယမ်အပြည့်အ၀ ရတာကြောင့် နှလုံးကို ကျန်းမာစေသလို နှလုံးခုန်နှုန်း စည်းချက်ကိုလည်း မှန်စေပါတယ်။ အစိမ်းရောင် ပန်းသီးတစ်လုံးမှာ ပိုတက်ဆီယမ် ၁၁၅ မီလီဂရမ်ပါဝင်လို့ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်သလို သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေပါတယ်။