လူ့ခန္ဓာကိုယ်မှာ ရေဓါတ် ၆၀ % နှုန်းခန့်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါ့ကြောင့် ရေဓါတ်ပမာဏဟာ ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူးနော်။

1296x728_9_Benefits_of_Lime_Water_for_Health_and_Weight_Loss

ရေဟာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ ဒါ့ကြောင့် သစ်သီးဖျော်ရည်အပါအဝင် ရေကို တစ်နေ့ကို၈ အောင်စလောက် သောက်သင့်ပါတယ်။

57733E11-B859-ECD9-415D-B814ACDC4D49-3658

သံပုရာသီးမှာ ပိုတက်ဆီယမ် ၊ ဗီတာမင် A, B, C နဲ့ D ဓါတ်တွေ ကယ်လ်ဆီယမ်ဓါတ်တွေ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်ပါတယ်။

သံပုရာသီးကိုအရည်ညစ်ပြီး ရေနဲ့ဖျာ်ရည်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ

Man drinking water with lemon

သံပုရာသီးကိုရေနဲ့ဖျော်ပြီးသောက်ပေးတာဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ များစွာအကျိုးကျေးဇူးရှိပါတယ်။

အသားအရေကို နုပျိုစိုပြေစေခြင်း

242acdd45c12fcb3195df6f7866af6b526904444

သံပုရာသီးမှာ အသားအရေကို နုပျိုစိုပြေပြီး ကျန်းမာစေတဲ့ ဓါတ်တွေပါဝင်တာကြောင့် အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ဒါ့ကြောင့် သံပုရာသီးနဲ့ ရေကိုရောပြီးသောက်တာဟာ ရေဓါတ်ကိုဖြည့်ဆည်းပေးနိုင်ပြီး အသားအရေကို နုပျိုစိုပြေစေမှာပါ။

အစာချေစနစ်

digestion

သံပုရာသီးကို ရေနဲ့သောက်ပေးတာဟာ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်သူတွေ အစာမကြေသူတွေအတွက် အထူးသင့်တော်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်း

Lightens-Skin1

သံပုရာသီးဖျော်ရည်မှာ ဗီတာမင်Cနဲ့ Antioxidant တွေပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်အအေးမိ နှာစေးတာတွေ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူကူးစက်တာတွေကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်

hypothyroidism-weight-loss-722x406

အလှအပကို မြတ်နိုးကြတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းကြတဲ့ ပျိုမေတို့အတွက်တော့ သံပုရာရည်က မပါမဖြစ်ပါပဲ။ သံပုရာသီးကိုသောက်ပေးတာဟာ ကိုယ်အလေးချိန်ကို ထိန်းထားပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓါတ်

diabetic-pic-getty-images-437256813

သံပုရာသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ကျစေလို့ ဆီးချိုသမားတွေအတွက် ဆေးတစ်လက်ပါပဲ။

နှလုံးရောဂါ

top-15-health-benefits-of-cabbage-25

သံပုရာရည်မှာ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်လို့ နှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။

သွေးတိုးကျစေပြီး သွေးလည်ပတ်မှုကို တိုးမြင့်စေပါတယ်။ ဒါ့ကြောင့်နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာ

stop-cancer

သံပုရာသီးဟာ ပုံမှန်မဟုတ်ဘဲ ဆဲလ်တွေကြီးထွားမှုကို ကာကွယ်ပေးပါတယ်။ ရင်သားကင်ဆာ အဆုတ်ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာအပါအဝင် ကင်ဆာအမျိုးမျိုးအတွက်အထူးကောင်းမွန်ပါတယ်။

20161119120729-1

ဒါ့အပြင် တခြားကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေများစွာရှိလို့ သိပ်လည်းအပန်းမကြီးတဲ့ သံပုရာရည်ကို ဖျော်သောက်လိုက်ကြရအောင်။

Source: omigy.com