လိုင်ချီးသီးကို မကြိုက်တဲ့လူ ရှိပါသလား? နွေရာသီမှာ ချိုအေးမြမြလေး စားချင်တယ်ဆို လိုင်ချီးသီးလေးတွေက အဆင်ပြေစေပါတယ်။ အာဟာရဓာတ်တွေ အများကြီး ပါဝင်တဲ့ လိုင်ချီးသီးမှာ ကျန်းမာရေး အစွမ်းတွေ အများကြီး ပေးပါတယ်။ ရေဓာတ်တွေ ပါဝင်တဲ့ လိုင်ချီးသီးရဲ့ အဓိက ကျန်းမာရေး ၅ချက်ကို မျှဝေပါရစေ။

၁။ အစာချေဖျက်မှုကောင်းမွန်

လိုင်ချီးသီးဟာ အစာချေဖျက်မှု စနစ်ကောင်းမွန်ဖို့ ကူညီပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ရေဓာတ် အများအပြား ပါဝင်တဲ့ အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့စေဖို့ ထောက်ပံ့ပေးပါတယ်။

၂။ ကိုယ်အလေးချိန် လျော့ချပေးနိုင်

လိုင်ချီးသီးကို ပုံမှန်စားသုံးပေးရင် ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရေဓာတ် အများအပြား ပါဝင်ပြီး အမျှင်ဓာတ် ပါဝင်တာကြောင့် ဗိုက်ပြည့်စေပြီး အစာစားချင်စိတ်ကို တားဆီးပေးပါတယ်။ ကယ်လိုရီပါဝင်မှု နည်းပါးခြင်းဟာလည်း အကြောင်းရင်း တစ်ချက်ပါ။

၃။ ကင်ဆာဖြစ်ပွားခြင်းကို တားဆီးနိုင်

ဒီရေဓာတ်ပြည့်ဝတဲ့ အသီးဟာ Antioxidants ပါဝင်မှု အားကောင်းတဲ့ အတွက် ကင်ဆာဖြစ်ပွားစေမှုနှုန်းကို လျော့ချစေပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၄။ နှလုံးသွေးကြောနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို တားဆီးနိုင်

လိုင်ချီးသီးကို တစ်နေ့တစ်လုံး ပုံမှန် စားပေးမယ်ဆိုရင် နှလုံးသွေးကြောတွေရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်း ကူညီပေးနိုင်ပြီး နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို မဖြစ်ပွားအောင် တားဆီးပေးပါလိမ့်မယ်။ Antioxidants တွေ ပါဝင်တဲ့ အကြောင်းရင်းကြောင့်ပဲ နှလုံးကျန်းမာရေးကို ကူညီပေးပါလိမ့်မယ်။

၅။ မျက်လုံးတွေ အတွက် ကောင်းမွန်စေနိုင်

လိုင်ချီးမှာ Phytochemicals တွေ ပါဝင်ပြီး သူ့မှာ Antioxidants နဲ့ Antineoplasmic ဂုဏ်သတ္တိတွေ ရှိတဲ့ အတွက် မျက်လုံးရဲ့ ဆဲလ်တွေကို ကောင်းမွန်စေပြီး အမြင်အာရုံကြည်လင်ဖို့ ကူညီပေးပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာမှုကို တားဆီးပေးပြီး မျက်စိတိမ်စွဲရောဂါတွေကိုလည်း တားဆီးပြီးသား ဖြစ်စေပါတယ်။

Credit: Zeenews