သင်္ဘောသီးကိုစားသုံးပေးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုရုံသာမက အလှအပအတွက်လည်း အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ဒါ့အပြင် ဆံသားတွေကျန်းမာသန်စွမ်းဖို့လည်း အာနိသင်ထူးတာကြောင့် တကယ်ကို ဘက်စုံအသုံးပြုလို့ရတဲ့ အလှကုန်ပစ္စည်းပါပဲ။

Benefits-Of-Papaya-For-Skin

ဆံပင်ပါးတာ ထိတ်ပြောင်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။

ဒါ့အပြင် ဆံပင်ကျွတ်တာကို ကာကွယ်ပေးတာကြောင့် ဆံပင်ပါးတာမျိုးမဖြစ်တော့ပါဘူး။ ဆံသားအတွက် အာနိသင်ရှိတဲ့ အဟာရဓါတ်တွေ အများအပြာပါဝင်တာကြောင့် ဒီနည်းလမ်းကို အခုပဲမျှဝေလိုက်ပါတယ်။

ဆံသားအတွက် သင်္ဘောသီးကို ဘယ်လိုသုံးမလဲ

ပါဝင်ပစ္စည်း

lam-dep-blogtamsuvn3

သင်္ဘောသီးမှည့် ၁ ခွက် (လေးထောင့်ပုံလှီးပြီးသား)

IMG_3452

ငှက်ပျောသီးမှဲ့ ၁ ခွက် (လှီးပြီးသား)

642x361_5_Blackstrap_Molasses_Benefits

ကြံသကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ar-is-coconut-oil-healthy

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

homemade_yogurt_recipe

ဒိန်ချည် ၁ ခွက်

ပြုလုပ်နည်း

Benefits-Of-Papaya-For-Hair

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဆံပင်ကိုရေလောင်းချလိုက်ပြီး စောစောကဖျော်ထားတဲ့ ပါဝင်ပစ္စည်းတွေကို ဦးရေပြားနဲ့ ဆံသားတွေပေါ် နှံ့စပ်အောင် လိမ်းပေးပါ။

အဲဒီနောက် ကျွတ်ကျွတ်အိတ် (သို့) Shower Cap အုပ်ပေးထားပြီး နာရီဝက်လောက်ထားပါ။

ကျွတ်ကျွတ်အိတ်အပေါ်ကနေ သဘက်ကို ထပ်ပတ်ပေးပြီး နောက်ထပ် တစ်နာရီခွဲလောက် ထပ်ထားပါ။

ပြီးရင် ပုံမှန်အတိုင်း ခေါင်းလျှော်ချလို့ရပါပြီ။ ခေါင်းလျှော်ပြီးရင် ပေါင်းဆေးသုံးပေးပါ။

ဆံသားတွေ နူးညံ့ချောမွှေ့လာတာကိုခံစားရမှာပါ။

ဒီနည်းလမ်းအတိုင်း တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။ ဆံပင်ကျွတ်တာရပ်ပြီး ဆံသားတွေ ကျန်းမာသန်စွမ်းလာပါလိမ့်မယ်။