နာနတ်သီးကို ဈေးချိုချိုနဲ့ ရနိုင်ပြီး ပေါများတဲ့ ကာလတွေဟာ အလွန် ပျော်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် အရသာ ရှိပြီး ပုံစံမျိုးစုံနဲ့ လုပ်စားနိုင်တဲ့ အသီးတစ်မျိုး ဖြစ်လို့ပါ။ ဖျော်သောက်မလား ၊ ဟင်းချက်စားမလား၊ ဒီအတိုင်း စားမလား အားလုံးဟာ အရသာ ရှိလှပါတယ်။

နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

နာနတ်သီးကို ဘရာဇီးလ်နဲ့ ပါရာဂွေးနိုင်ငံတွေရှိတဲ့ တောင်အမေရိကတစ်ဝိုက်ကနေ စတင်တာ ဖြစ်ပါတယ်။ နာနတ်ပင်တွေကို ကိုလံဘတ်စ်တွေ့ရှိခဲ့ပြီး ဥရောပကို ယူဆောင်လာတာ ဖြစ်ပါတယ်။ နာနာတ်သီးဟာ ချိုမြပြီး မွှေးပျံ့တဲ့ အနံ့ရှိတာကြောင့် လူအတော်များများ နှစ်သက်စေတဲ့ အသီးဖြစ်လာခဲ့ပါတယ်။

သုတေသန ပညာရှင်တွေရဲ့ တွေ့ရှိချက်အရတော့ နာနတ်သီးမှာ အစာကြေလွယ်တဲ့ အင်ဇိုင်းဓာတ် တစ်မျိုးနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ရာသီစာမို့ ပေါပေါများများ စားနေရတဲ့ နာနတ်သီးမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိကြောင်းကို ဗဟုသုတ အဖြစ် မျှဝေချင်ပါတယ်။

နာနတ်သီးကနေ အဓိကပေးတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါ။ ဒီထဲကမှ ၇ချက်ကတော့

၁။ လက်သည်း၊ ခြေသည်းကို သန်မာစေပြီး ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးရဲ့ သတ္တုရည်ကို Lotion အနေနဲ့ သုံးလို့ရပါတယ်။ လတ်ဆတ်တဲ့ နာနတ်သီးသတ္တုရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ ကြက်ဥအကာ၊ သံပုရာရည် ဇွန်းသေးတစ်ဇွန်း တို့ကို ရောမွှေပြီး လက်သည်းခြေသည်းတွေကို လိမ်းပေးလို့ ရပါတယ်။ နေ့တိုင်းသုံးပေးမယ်ဆိုရင် လက်သည်းခြေသည်း ပိုးတွေကို သက်သာစေပြီး လက်သည်းခြေသည်းတွေကို လှပစေပါတယ်။

ဗီတာမင်စီ ပါဝင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး  ဆံပင်ကို မလျှော်ခင် လိမ်းပေးထားခြင်းဖြင့် ဗောက်ကိုလည်း သက်သာစေနိုင်ပါတယ်။

၂။ အသားအရေကို ချောမွှေ့စေပြီး လှပနိုင်ပါတယ်။

ဗီတာမင် စီဟာ  ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေနိုင်တဲ့ အတွက် နာနတ်သီးဟာ အသားအရေ အတွက် အလွန်ကောင်းမွန်စေတဲ့ အသီးပါ။ နာနတ်သီးသတ္တုရည်ကို မျက်နှာပေါ် လိမ်းပြီး ၁၀မိနစ်လောက် ထားပါ။ မျက်နှာ တင်းတင်းလေး ခံစားရပြီး ခြောက်သွားတဲ့ အခါ ရေနဲ့ ဆေးချလိုက်ပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး မကောင်းတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့ အတွက် မျက်နှာဟာ ကြည်ပြီးတော့ တောက်ပလာပါလိမ့်မယ်။

ခန္ဓာကိုယ်ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နှင့် ဝမ်းဗိုက်သားနေရာတို့ကို ပေါင်းတင်လိုပါက၊ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့်တစ်စိတ်တို့အပြင် နွားနို့ ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥ တစ်လုံး၊ သံပရာရည်/နနွင်းမှုန့်/ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့်ကြာသောအခါတွင် ရေနွေး နွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရည်နူးညံ့ချောမွေ့လာပါလိမ့်မည်။

၃။ အအေးမိ နှာစေး ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းမှာ နှပ်ချေးတွေ၊ အကျိအချွဲတွေ ဖယ်ရှားပြီး လည်ချောင်းနာသက်သာစေဖို့

ဗီတာမင်စီဟာ ကိုယ်ခန္ဓာအတွင်းမှာ ရှိတဲ့ ကိုယ်ခံအားကို တိုးတက်စေနိုင်တဲ့ အတွက် ရာသီဥတုကြောင့် ဖြစ်စေတဲ့ ဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတို့ကို ကာကွယ်ဖို့ နာနတ်သီး စားပေးသင့်ပါတယ်။ အအေးမိပါက နာနတ်သီးဖျော်ရည် ၈ အောင်စကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာနဲ့ ရောမွှေလိုက်ပြီး သောက်ပေးနိုင်ပါတယ်။

၄။ အစာချေစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

ကယ်လဆီယမ်၊ ပိုတက်စီယမ်၊ အမျှင်နဲ့ ဗီတာမင်စီဓာတ်တို့ ပေါကြွယ်တဲ့ နာနတ်သီးကို အစားအစာ စားပြီးချိန်တွေမှာ စားပေးရင် အစာချေဖျက်အားကို ကောင်းမွန်စေပြီး အူတွေရဲ့ လုပ်ဆောင်ချက်ကို ချောမွေ့စေနိုင်ပါတယ်။

၅။ သွားနဲ့ ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။

Antioxidant ဓာတ်ပေါင်းတွေဟာ ခံတွင်း ကျန်းမာရေးကို ကောင်းမွန်စေပြီး သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၆။ အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

နာနတ်သီးမှာ ပါဝင်တဲ့ Beta-Carotene ဟာ အမြင်အာရုံကို ပိုမိုကောင်းမွန်စေဖို့ အတွက် ကူညီပေးပါတယ်။

၇။ အရိုးတွေကို သန်မာစေနိုင်ပါတယ်.

နာနတ်သီးလက်ဖက်ရည် တစ်ပန်းကန်စာ စားရင် တစ်နေ့တာ လိုအပ်နေတဲ့ မဂ္ဂနီးစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးနဲ့ တွယ်ဆက်တစ်သျှုူးတွေကို သန်မာလာအောင် အထူးစွမ်းဆောင်နိုင်ပါတယ်။

Credit: lifehack