ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ပဲလင်းမြွေသီးရဲ့ ကောင်းကျိုး (၅) မျိုး

August 7, 2016

ပဲလင်းမြွေသီးရဲ့ ကောင်းကျိုး (၅) မျိုး

Share this on:

ပဲလင်းမြွေသီးကို ရန်ကုန်လို အောက်ပြည်မှာ ဗုံလုံသီးလို့ ရံခါ ခေါ်တာမျိုး ကြားဖူးပါတယ်။ အမှန်တော့
ပဲလင်းမြွေသီးက ပဲလင်းမြွေသီးဖြစ်ပါတယ်။ ဗုံလုံသီးနဲ့ တစ်ခြားဆီပါ။ ဗုံလုံသီးက ကင်းပုန်သီးနဲ့ အနည်း
ငယ် ဆင်တူပြီး နွယ်ပင်ကနေ သီးတာချင်းလည်း တူပါတယ်။ အလုံးအရမ်းသေးပါတယ်။ ဒါပေမယ့်
သူ့အရွက်တွေကို ကိုင်မိရင် လက်မှာ အရမ်းနံပြီး အနံ့မပျောက်တော့ပါဘူး။ အသီးကို ချက်စားတဲ့အခါ
မှာတော့ ကင်းပုံသီးထက် ပိုစိမ့်ပါတယ်။ ဒါက ဗုံလုံသီးနဲ့ ပဲလင်းမြွေသီး ကွဲပြားမှုမရှိသူတွေအတွက်
ဗဟုသုတအနေနဲ့ ပြောခြင်းဖြစ်ပါတယ်။ ပဲလင်းမြွေသီးဆိုတာ ပဲလင်းမြွေဆိုတဲ့အတိုင်း အနည်းဆုံး
နှစ်ပေလောက်တော့ ရှည်ပါတယ်။ အရည်ရွှမ်းပြီး အချို့အစပ် မျိုးစုံချက်စားတာ ရှိသလို မြေပဲ၊ နှမ်း
စသည်တို့နဲ့ ပြုတ်ပြီးသုပ်စားတာမျိုးလည်း ရှိတတ်ပါတယ်။ ကဲ အခု ပဲလင်းမြွေသီးရဲ့ ကောင်းကျိုး
(5) မျိုးကို ဖော်ပြလိုက်ပါတယ်။

1. အဖျားရောဂါ

ပဲလင်းမြွေသီးဟာ ရာသီဥတုကြောင့် ၀င်လာတတ်တဲ့ အအေးမိတုပ်ကွေး ဖျားနာ-စတဲ့ အာဂန္တုရောဂါ
တွေကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ပဲလင်းမြွေအရွက်လည်း ဒီရောဂါတွေကို ကြိုတင်ကာ
ကွယ်နိုင်တဲ့ စွမ်းအင်သတ္တိတွေ အပြည့်ပါဝင်ပါတယ်။

2. နှလုံးရောဂါကို အကာအကွယ်ပေးတယ်

ပဲလင်းမြွေသီးကို ပုံမှန်စားသုံးပေးပါက နှလုံးကျန်းမာရေး၊ နှလုံးသွေးကြောကျဉ်းရောဂါ စတာတွေကို
ကာကွယ်ပေးနိုင်ပါတယ်။

3. အသားဝါရောဂါ

အသားဝါရောဂါဆိုတာက အသည်းရောင်အသားဝါ ဘီ/စီ ပိုးကြောင့် ဖြစ်တာပါ။ တစ်ခါတစ်ရံမှာ
အသည်းပျက်ဆီးမှုဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ အသားဝါရောဂါကို ကြိုတင်
ကာကွယ်ဖို့အတွက် ပဲလင်းမြွေသီးဟာ သင့်တော်ပါတယ်။

4. ထိပ်ပြောင်ခြင်း-ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်

ပဲလင်းမြွေသီးမှာ ဦးခေါင်းအရေးပြား ကျန်းမာရေးကို ကျေးဇူးပြုနိုင်တဲ့ ဗီတာမင်တွေ အများကြီး ပါ
ဝင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

5. ကယ်လိုရီနည်းပါးပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေတယ်

ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင် စားပေးခြင်းက အစာခြေစနစ်ကို
ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပဲလင်းမြွေသီးဟာ အဆီကိုလည်း ကျဆင်းစေနိုင်တဲ့ အသီးအနှံ
ဖြစ်ပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့ အဆိပ်အတောက်ဓာတ်တွေကိုလည်း ဖယ်ရှား
ပေးနိုင်တာမို့ ကျန်းမာရေးအတွက် သင့်တော်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

0 (0 Votes)