ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကန်စွန်းရွက်ရဲ့ ကောင်းကျိုး (၁၀) မျိုး

August 7, 2016

ကန်စွန်းရွက်ရဲ့ ကောင်းကျိုး (၁၀) မျိုး

Share this on:

မြန်မာနိုင်ငံမှာ ကန်စွန်းရွက်ဟာ အလွန်ဈေးချိုစွာ ၀ယ်ယူစားသောက်နိုင်ပါတယ်။ အခြားနိုင်ငံတွေ
မှာ လူ့ကျန်းမာရေးကို အထူးထောက်ပံ့မှုတွေ ပေးနိုင်တဲ့ ကန်စွန်းရွက်ကို ဈေးအလွန်ကြီးမားစွာ
ပေးစားနေရပါတယ်။ ကန်စွန်းရွက်ကို ပုံမှန်စားပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးတွေ ခံစား
ရနိုင်မှာပါ။

1. ကိုလက်စထရောဓာတ်ကို ကျဆင်းစေနိုင်တယ်။

ကိုလက်စထရောဓာတ် အရမ်းများတဲ့ လူကို ဒုက္ခတွေအများကြီးပေးပါတယ်။ နှလုံးသွေးကြောကျဉ်း
ရောဂါ၊ သွေးကြောပိတ်ရောဂါ၊ နှလုံးအဆီဖုံးနဲ့ နှစ်လုံးရောဂါ-စတာတွေဟာ ကိုလက်စထရောဓာတ်
မြင့်မားခြင်းကြောက့် ဖြစ်လာတဲ့ ရောဂါတွေဖြစ်ပါတယ်။ ကန်စွန်းရွက်ကတော့ သွေးထဲမှာရှိတဲ့ ကို
လက်စထရောကို အမြန်ကျဆင်းစေနိုင်တဲ့ ဟင်းရွက် ဖြစ်ပါတယ်။

2. အသားဝါရောဂါနဲ့ အသည်းရောင်ရောဂါကို ကုတဲ့ဆေး

ကန်စွန်းရွက်ကို ပုံမှန်စားပေးပါက အသည်းရောင်/ အသားဝါ ဘီပိုးစီပိုး ခန္ဓာကိုယ်အတွင်းဝင်ရောက်ခြင်း
ကို ကာကွယ်ပေးပါတယ်။ အဲဒီရောဂါတွေ ခံစားနေရသူတွေလည်း ကန်စွန်းရွက်ကို များများနဲ့ ပုံစံအမျိုးမျိုး
လုပ်စားသင့်ကြောင်း သုတေသနပညာရှင်တွေက အကြံပြုထားပါတယ်။

3. အိပ်မပျော်တဲ့ရောဂါကို ပျောက်ကင်းစေနိုင်တယ်။

ကန်စွန်းရွက်မှာ Protein, Iron, Vitamin A, Dietary Fiber, Calcium နဲ့ Vitamin C စတဲ့ အကျိုးပြုဓာတ်
တွေ များပြားစွာ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ဖိအားကြောင့်ဖြစ်တဲ့ အိပ်မပျော်တဲ့ရောဂါကိုလည်း ကန်စွန်း
ရွက်ပုံမှန်စားပေးခြင်းနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။

4. သွေးအားနည်းရောဂါကို ကုသပေးနိုင်တယ်။

သံဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကန်စွန်းရွက်ကို စားပေးရင် သွေးအားနည်းရောဂါကို ပျောက်ကင်းစေနိုင်ပါ
တယ်။ သံဓာတ်ဟာ သွေးဥနီတွေမှာပါဝင်တဲ့ Hemoglobin ဓာတ်ကို အထူးအားကောင်းစေပြီး သွေးအား
ကို ကောင်းမွန်စေပါတယ်။

5. နှလုံးရောဂါကို ကာကွယ်ပေးတယ်။

ကန်စွန်းရွက်မှာ ဗီတာမင် C နဲ့ ဗီတာမင် A ဓာတ်ဟာ အခြားဟင်းရွက်များထက် ပမာဏများပြားစွာ ပါဝင်
ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေလို နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကိုလည်း
ပျောက်ကင်းစေနိုင်ပါတယ်။

6. ကင်ဆာကို ကာကွယ်ပေးတယ်။

ကန်စွန်းရွက်မှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Antioxidant ဓာတ် 13 မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒီအခြေအနေမှာပဲ ကင်ဆာဆဲလ်ဖြစ်ပွားမှုကို အမြစ်ပြတ်တိုက်ခိုက်နိုင်စွမ်းရှိနေပြီး အထူးသဖြင့် အရေးပြား
ကင်ဆာ၊ ရင်သားကင်ဆာနဲ့ လည်ချောင်းကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

7. မှတ်ဉာဏ်ကောင်းပြီး အမြင်ကို ကြည်လင်စေတယ်။

ဗီတာမင် A ဓာတ် ပါဝင်တဲ့ ကန်စွန်းရွက်ကို ပုံမှန်စားပေးခြင်းဖြင့် မျက်လုံး အမြင်ကို ကြည်လင်စူးရှစေနိုင်
ပါတယ်။ ဒါ့အပြင် ဗီတာမင် C ဟာ မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ဆုံးရှုံးတဲ့ ရောဂါတွေကို
ကာကွယ်ပေးပါတယ်။

8. အိုမင်းမှုကို ကာကွယ်ပေးတယ်။

ကန်စွန်းရွက်ကို ပုံမှန်စားသုံးပေးပါက အရွယ်မတိုင်မီ အိုမင်းခြင်းနဲ့ အသားအရေတွန့်ခြင်း၊ တွဲခြင်း၊ ဆံပင်
ကျွတ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဖြူခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

9. မက်ခရုနာကို ပျောက်ကင်းစေနိုင်တယ်။

အရွယ်မျိုးစုံမှာ ဖြစ်ပွားနိုင်တဲ့ မက်ခရုနာကို ကန်စွန်းရွက်ပုံမှန်စားပေးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်
သွားနာ/သွားကိုက် ဖြစ်ပါကလည်း ကန်စွန်းရွက်ကို ၀ါးပေးခြင်းနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

10. အစာခြေစနစ်ကို ကောင်းမွန်စေတယ်။

ကန်စွန်းရွက်စားပေးသူတစ်ယောက်မှာ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။
အစာခြေစနစ်ကို မြန်ဆန်အောင် အကူအညီပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်း ကယ်လိုရီပမာဏ များပြားခြင်း
ကိုလည်း လျှော့ချနိုင်လို့ ၀ိတ်ကျစေပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.6 (10 Votes)