ပဲစောင်းလျားသီးက ဈေးနှုန်းအရမ်းမကြီးပေမယ့် အာဟာရတော့ ကြွယ်ပါတယ်နော်။

အရွယ်မတိုင်ခင် အိုမင်းမှုကို ကာကွယ်ပေး

အိုမင်းရင့်ရော်မှုကို နှောင့်နှေးအောင်လုပ်ဆောင်ပေးနိုင်တဲ့ အလေ့အကျင့်များ

ပဲစောင်းလျားသီးမှာ ဗီတာမင် စီ၊ ဗီတာမင် အေ တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဗီတာမင်ဓာတ်တွေက Antioxidants တွေလိုဘဲ အလုပ်လုပ်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတဲ့ အရေးအကြောင်းတွေ ပေါ်လာတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

အသားအရေကို တင်းရင်းစေ

Antioxidant ဓာတ်တွေပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပါတယ်။

ကယ်လိုရီ ပါဝင်မှုနည်း

ပဲစောင်းလျားသီးက ကယ်လိုရီ ပါဝင်မှုနည်းပါတယ်။ ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှ ၄၉  ကယ်လိုရီဘဲ ရှိပါတယ်။

ဗီတာမင် စီပါဝင်မှုများ

ဗီတာမင် စီပါဝင်မှုများတာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။

သတ္တုဓာတ်နဲ့ ဗီတာမင် ဓာတ်များ

ပဲစောင်းလျားသီးမှာ အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ သံဓာတ်၊ Manganese၊ ကော့ပါး၊ ကယ်ဆီယမ်၊ Phosphorus၊ မဂ္ဂနီဆီယမ်တို့လည်း ပါဝင်ပါတယ်။

အဲ့ဒီအပြင် DNA တွေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။ စိတ်ကို ကြည်လင်စေပြီး အားအင်တွေကိုလည်း ဖြစ်စေပါတယ်။

ကယ်ဆီယမ် ကြွယ်ဝ

ပဲစောင်းလျားသီးမှာ ကယ်ဆီယမ်၊ Phosphorus ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက အရိုးကို သန်မာစေပြီး အားအင်ကို ဖြစ်စေပါတယ်။