ဖရုံသခွားသီးကို မြန်မာနိုင်ငံမှာလည်း နှစ်ခြိုက်စွာစားသုံးကြပါတယ်။ ပါဝင်တဲ့ အာဟာရဓါတ်တွေကတော့ ဖရုံသခွားမှာ ကယ်လိုရီ ၊ ပရိုတင်းဓါတ်တွေ၊ အမျှင်ဓါတ်တွေ၊ သကြားဓါတ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဗီတာမင် C,B6,B2 ဓါတ်တွေလည်း ပါဝင်ပါတယ်။ ချက်စားကြော်စားရင်လည်း သိပ်ကိုအရသာရှိပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝလို့ နှလုံး၊ မျက်လုံးကျန်းမာရေးကိုကောင်းစေပြီး ကိုလက်စထရော လျှော့ကျစေသလို၊ အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။

၁။ နှလုံးသွေးကြောကျန်းမာရေး

zGwbSw8BQTiO4zRw82Qzqg

ဗီတာမင် C နဲ့ မဂ္ဂနစ်ဓါတ်ကြွယ်ဝစွာပါဝင်လိုပ နှလုံးကို ကျန်းမာစေပါတယ်။ သွေးကြောတွေ့ို ကျန်းမာစေပြီး နှလုံးရောဂါကိုကာကွယ်ပေးပါတယ်။ ဗီတာကရိုတင်းဓါတ်ပါဝင်ပါတယ်။ ဗီတာမင် ဖောလိတ်ဓါတ်ပါဝင်လို့ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်စေတဲ့ homocysteine ပါဝင်မှုကို လျှော့ချပေးပါတယ်။

၂။ လေဖြတ်ခြင်းကို ကာကွယ်ပေးခြင်း

သွေးထဲမှာ ဗီတာမင် C ပါဝင်မှုများရင် လေဖြတ်မှု ဖြစ်ပွားနိုင်ချေကို ၄၂ % လျှော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်မှာဖော်ပြထားပါတယ်။ ဒါ့ကြောင့် ဗီတာမင် C ပါဝင်မှုများတဲ့ ဖရုံသခွားကိုစားပေးတာဟာ လေဖြတ်ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဦးနှောက်ကျန်းမာရေး

courgette-170045

ဗီတာမင် B6 ပါဝင်လို့ ဦးနှောက်နဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ ဗီတာမင် B6 ဓါတ်ချို့တဲ့ရင် မှတ်ဉာဏ်စွမ်းရည် လျှော့ကျစေပြီး အယ်လ်ဇိုင်းမားလို မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါမျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် ဖရုံသခွားသီးကိုစားပေးသင့်ပါတယ်။

၄။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်။

calabacin

ဗီတာမင် B2 ဓါတ်က ခေါင်းတစ်ခြမ်းကိုက်တာကို ထိထိရောက်ရောက်သက်သာစေပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်တာမျိုး မဖြစ်စေပါဘူး။

၅။ ကိုယ်အလေးချိန်ကျဆင်းစေတယ်။

ကယ်လိုရီပါဝင်မှုနည်းပေမယ့် ဗိုက်ပြည့်စေပါတယ်။ ဒါ့ကြောင့် ကယ်လိုရီများများစားသုံးစရာမလိုဘဲ ဗိုက်ပြည့်စေလို့ အစားများများ စားမိတာမျိုး မဖြစ်စေဖို့ ကူညီပေးပါတယ်။ ရေဓါတ်နဲ့ အမျှင်ဓါတ်လည်းပါဝင်လို့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

Featured Image Source: parenting.firstcry.com