တခါတလေ ခြေထောက်တွေလေးပြီး ယောင်နေတတ်ပြီး လမ်းလျှောက်ဖို့တောင် ခက်ခဲနေတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်တတ်ပြီး စိတ်ဖိစီးမှု နဲ့ သွေးလည်ပတ်မှုမကောင်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါတွေဖြစ်တဲ့ ဂေါက်တို့ လေးဖက်နာတို့ကြောင့် လည်း ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခြေထောင်ယောင်တာတွေကို သက်သာ ပျောက်ကင်းစေမယ့် သဘာဝ ဆေးနည်းတချို့ကို ဝေမျှချင်ပါတယ်။

legs2

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်မှာ ယောင်ကိုင်းတာတွေကို လျော့ပါးစေတတ်တဲ့ သတ္တိပါဝင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပန်းသီး ရှာလကာရည် ခွက် ၁ခွက်
  • ပန်းသီး ၆ စိတ်

DSC_1065

ပြုလုပ်နည်း

  • ရှာလကာရည်ထဲကို သန့်ရှင်းတဲ့ အ၀တ်နှစ်လိုက်ပြီး ယောင်နေတဲ့နေရာကို ကပ်လိုက်ပါ။
  • ပြီးရင် ပါးပါးလှီးထားတဲ့ ပန်းသီးအစိတ်လေးတွေကို ယောင်နေတဲ့နေရာကို ကပ်လိုက်ပြီး မိနစ် ၂၀လောက်ထားပါ။
  • ပြီးရင် ဖယ်လိုက်ပြီး ရေနွေးနဲ့ ရေစင်အောင်ဆေးပါ။
  • ညတိုင်းနီးပါး ကပ်ပေးရင် သက်သာလာပါလိမ့်မယ်။

mint

ပူစီနံရွက်

ပူစီနံရွက်က ခြေထောက်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကုသရာမှာ ကောင်းမွန်ပါတယ်။ သူက သွေးလည်ပတ်မှုကို ကောင်းစေပြီး ယောင်ကိုင်းမှုတွေကိုလည်း သက်သာစေပါတယ်။

ပါဝင်ပစ္စည်းများ

  • လှီးထားတဲ့ ပူစီနံရွက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ ၁.၁၄ လီတာ

81EALPObuhL._SY355_

ပြုလုပ်နည်း

ရေထဲကို ပူစီနံရွက်ထည့်ပြီး ပြုတ်လိုက်ပါ။ ၁၀ မိနစ်လောက် ပွက်ပွက်ဆူအောင် ထားပါ။ ပြီးရင် မီးဖိုးပေါ်က ချပြီး အအေးခံပါ။ အ၀တ်သန့်သန့်နဲ့ ခုနက ပူစီနံရွက်ပြုတ်ရည်ထဲကို စိမ်ပြီး ယောင်နေတဲ့နေရာက ကပ်ပေးပါ။ ညအိပ်ရာမ၀င်ခင် ကပ်ပေးပါ။