သွေးတိုးရှိသူတွေအတွက်ရော ကိုလက်စထရောများတဲ့သူတွေအတွက်ရော သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ဆေးနည်းကို မျှဝေပေးသွားပါမယ်။ တခြားရောဂါတွေကိုကုသပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကာကွယ်ပေးမှာမို့ အရမ်းကို အသုံးဝင်တဲ့နည်းလမ်းလေးပါ။

ပါဝင်ပစ္စည်း

  • ဂျင်းတစ်စိတ် (တောက်တောက်စဉ်းလိုက်ပါ။) (၁.၅ ဂရမ်)
  • ကြက်သွန်ဖြူ ၁ စိတ် (တောက်တောက်စဉ်းလိုက်ပါ။)
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရမ်းကိုလွယ်ကူပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း အားလုံးကိုသေချာရောသွားအောင် ကြိတ်ပေးတာပဲဖြစ်ဖြစ် တခြားနည်းလမ်းနဲ့လည်း လုပ်နိုင်ပါတယ်။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၅ ရက်လောက်ထားထားပါ။

အသုံးပြုခြင်း

အခုပြုလုပ်ထားတဲ့ဆေးကို မနက်စာမစားခင်နဲ့ညစာမစားခင်တွေမှာ စားပေးရပါမယ်။ တစ်နေ့ကို ၃ ခေါက်လောက်တော့ မစားပေးသင့်ပါတယ်။
၁ ပတ်အတွင်း သွေးတိုးသမားတွေအတွက်ရော ကိုလက်စထရောမြင့်မားတွေကိုရော လျှော့ကျစေမှာဖြစ်ပါတယ်။