ကျန်းမာရေး - Health

ခြင်၊ ပျား နဲ့ တခြား အင်းဆက် တွေ တုပ်ခံ၊ ကိုက်ခံရရင်

June 25, 2017

ခြင်၊ ပျား နဲ့ တခြား အင်းဆက် တွေ တုပ်ခံ၊ ကိုက်ခံရရင်


Share this on:

ခြင်တွေကိုက်ခံရ၊ ပျားတွေ တုပ်ခံရ၊ တခြား အင်းဆက်တွေ တုပ်ခံ၊ ကိုက်ခံရရင် ဖူးယောင် နာကျင်မှုတွေ ခံစားရပါတယ်။ တခါတလေ အရမ်းကို ယားပါတယ်။ ဒီလို ဝေဒနာတွေသက်သာ ပျောက်ကင်းနိုင်တဲ့ နည်းလမ်းလေးကို မျှဝေချင်ပါတယ်။

Blue ice pack isolated on a white background.

ရေခဲ

ခြင်၊ ပျားနဲ့ တခြား အင်းဆက်တွေ ကိုက်ခံ၊ တုပ်ခံရတဲ့ အမြန်ဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းကတော့ ကိုက်ခံရတဲ့ ဒဏ်ရာကို ရေခဲကပ်တာဖြစ်ပါတယ်။ အကိုက်ခံရပြီးချက်ခြင်း ရေခဲကို အ၀တ်စသန့်သန့်ထဲကို ထည့်ကာ ၁၅ မိနစ်ကနေ မိနစ် ၂၀ ကြားလောက် ကပ်ထားပေးပါ။ ပြီးရင် ခဏနားပါ။ တစ်နာရီခြား တစ်ခါ ၆ နာရီဆက်တိုက် အဲ့လို ကပ်ပေးပါ။ အနာကျင် ကိုက်ခဲမှုကို ရေခဲက ချက်ခြင်း သက်သာ ပျောက်ကင်းစေပြီး ရောင်ရမ်းမှုတွေလည်း လျော့ပါးစေပါတယ်။

toothpaste

သွားတိုက်ဆေး

ပိုးတွေဝင်တာ ယားယံတာတွေကို သက်သာပျောက်ကင်းစေဖို့ သွားတိုက်ဆေးကလည်း ကူညီပေးပါလိမ့်မယ်။ ကိုက်ခံရတဲ့နေရာကို သွားတိုက်ဆေးလေး လိမ်းပြီး မိနစ်အနည်းငယ်လောက် ထားလိုက်ပါ။ ခြောက်သွားတဲ့အချိန်မှာ ရေနဲ့ ဆေးချလိုက်ပါ။ နာကျင် ကိုက်ခဲ၊ ယားယံတာတွေကို လျော့ပါးအောင်ကူညီပါလိမ့်မယ်။

Baking-soda1

မုန့်ဖုတ် ဆိုဒါ

မုန့်ဖုတ်ဆိုဒါက နာကျင် ကိုက်ခဲ၊ ယားနာတာတွေကို လျော့ပါးစေပါတယ်။ မုန့်ဖုတ် ဆိုဒါကို ရေနဲ့ အနည်းငယ်ရောလိုက်ပြီး ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပါ။ ဒီအရည်ပျစ်ပျစ်လေးကို ကိုက်ခံရတဲ့နေရာကို သုတ်လိမ်းပေးပါ။ မိနစ် ၂၀ ကနေ ၃၀ ကြားထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ အင်းဆက် ကိုက်တာတွေ၊ တုပ်တာတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ အရေပြားယားယံ၊ ရောင်ကိုင်းမှုတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၅ ကြိမ်အထက် ဒီနည်းအတိုင်းလုပ်ပေးရင် သက်သာ ပျောက်ကင်းလာပါလိမ့်မယ်။

honeyjar

ပျားရည်

ပျားရည်မှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ဓာတ်ပါဝင်ပြီး အသားအရေကို ကောင်းမွန်စေကာ နာကျင်ကိုက်ခဲမှုတွေ၊ရောင်ရမ်းတာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ပျားရည်ကို ကိုက်ခံရတဲ့နေရာနားကို လိမ်းပေးပါ။

Review

User Rating

4 (1 Votes)