Recipes | ချက်ပုံချက်နည်းများ | ဟင်း - Curry | အကြော် - Fried

ကြက်ဟင်းခါးသီးပုဇွန်ခြောက်နှပ်

May 16, 2017

ကြက်ဟင်းခါးသီးပုဇွန်ခြောက်နှပ်


Share this on:

မင်္ဂလာပါရှင်… ခုပေးပို့တဲ့ဟင်းလျာလေးကတော့ .. “ကြက်ဟင်းခါးသီးပုဇွန်ခြောက်နှပ်” ဟင်းလျာလေးပဲဖြစ်ပါတယ် ရှင်။ ပါဝင်ပစ္စည်းများကတော့….လူနှစ်ယောက်စာ အတွက်

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီးအကြီး၁လုံး
  • Cook ပဲပိစပ်ဆီ ၅ကျပ်သား
  • ပုဇွန်ခြောက် ထမင်းစားဇွန်း၁ဇွန်း
  • ကြက်သွန်ဖြူ ဥသေး၁ဥ
  • ကြက်သွန်နီ ဥကြီး၁လုံး
  • ဂျင်းလက်တစ်ဆစ်ရဲ့တစ်ဝက်(အနည်းငယ်)
  • ငရုတ်ပွ အခြောက်တောင့်၂တောင့်
  • ဆား.သကြား.ကြက်သားမှုန့်. ငံပြာရည်(အချိုရည်) အနည်းငယ်

ချက်ပြုတ်ပုံ

  1. ကြက်ဟင်းခါးသီးကို ရေဆေးကြော သန့်စင်ပြီး မထူမပါး လှီးပါမယ်။
  2. လှီးပါမယ်။ ပြီးလျှင် ကြက်သွန်ဖြူ၊ နီ. ဂျင်း.ငရုတ်ပွခြောက် နှင့် ပုဇွန်ခြောက်တို့အား လေးစိပ်ကွဲမညက်တညက်ထောင်းပါမယ်။
  3. ဒယ်အိုးထဲသို့ ပဲပိစပ်ဆီ ၅ကျပ်သားထည့်ကာ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်နီတို့အား ထည့်ပါမယ်။
  4. ပြီးလျှင်ကြက်ဟင်းခါးသီး ထည့်ကာ ရေထမင်းစားဇွန်း ၃ဇွန်းခန့်ထည်ပြီး အဖုံးပိတ် နှပ်ထားပါမယ်။
  5. ၅မိနစ်ခန့်ကြာလျှင်တော့ မီးဖိုပေါ်မှ ချလို့ရပါပြီ။
  6. အရသာရှိလှတဲ့ ကြက်ဟင်းခါးသီးပုဇွန်ခြောက်နှပ် ဟင်းလျာလေး တစ်ခွက်ရပါပြီရှင်..ကျေးဇူးတင်ပါတယ်ရှင်။

Credit: Myint Zu

Review

User Rating

2.5 (2 Votes)