ကြက်ဟင်းခါးသီးသုပ်


Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်ဟင်းခါးသီးယိုးဒယားသီး - ၁ လုံး
  • ပုဇွန် - ၅ကျပ်သား
  • ကြွက်နားရွက်မှို
  • ကြက်သွန်နီ - ၁ လုံး
  • ခရမ်းချဉ်သီး - ၂ လုံး
  • ဂေါ်ဖီ - နည်းနည်း
  • နံနံပင် - နည်းငယ်
  • ငရုတ်သီးစိမ်း - အနည်းငယ်
  • ငါးငံပြာရည် - ထမင်းစားဇွန်းတဇွန်း
  • ဆား - အနည်းငယ်
  • ကြက်သားမှုန့် - နည်းငယ်
  • သံပရာသီး - ၁ လုံး
  • ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းလှော်ထောင်းပြီးသား ထမင်းစားဇွန်း ၁ ဇွန်း
  • သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

  1. ကြက်ဟင်းခါးသီးယိုးဒယားသီး ပါးပါးလှီးလက်တဆုပ်စာကိုရေနွေးဖျောထားပါ
  2. ပုဇွန်၅ကျပ်သားကိုကျောခွဲသန့်စင်ပြီးရေနွေးဖျောပါ
  3. ကြွက်နားရွက်မှိုကိုရေစိမ်ပြီးရေနွေးဖျောပြီး ပါးပါးလှီး ကြက်သွန်နီတလုံးပါးပါးလှီး ခရမ်းချဉ်သီးပါးပါးလှီး ဂေါ်ဖီပါးပါးလှီး နံနံပင်လေးတွေရေဆေးအရွက်လေးတွေသင်ထားပါ
  4. ငရုတ်သီးစိမ်းပါးပါးလှီးလက်ဖက်စားဇွန်းတဇွန်း ပါဝင်ပစ္စည်းအားလုံးကိုဇလုံတခုထဲထည့် ငါးငံပြာရည်ထမင်းစားဇွန်းတဇွန်းထည့် ဆားနည်းနည်းထည့် (အချိုမှုန့် ကြိုက်ကထည့်နိုင်ပါတယ်) အရသာမှုန့်သင့်သလောက်ထည့် သံပုရာသီးတလုံးညှစ် ရှာလကာရည်လက်ဖက်ရည်ဇွန်းတဇွန်း နှမ်းလှော်ထောင်းပြီးသားထမင်းစားဇွန်းတဇွန်း သကြားလက်ဖက်ရည်ဇွန်းတဇွန်းလောက်ထည့်ပြီး သမအောင်ခပ်ဖွဖွလေးနှယ်ပါ
  5. (ဆီမထည့်ရပါ ဆီထည့်ကအရသာပြောင်းသွားနိုင်) ဆီချိုသွေးချိုသမားများနဲ့ အဝလွန်သူတွေအတွက်အလွန်စားသင့်တဲ့အစားအစာပါ။
Credit: Nan Kay Zin Oo

Review

User Rating

2.8 (8 Votes)

author-avatar

Recipes sent by our Users