အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရေခဲမုန့်ချစ်သူများအတွက် ပါဝင်ပစ္စည်း ငါးမျိုးတည်းနဲ့ အရသာရှိတဲ့ရေခဲမုန့်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Organicfacts.net

  • ဘယ်ရီသီးအမဲ ၁၂ အောင်စခန့်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ချောကလက်အဖြူရောင် ၄ အောင်စ

  • Heavy Whipping ခရင်မ် ပန်းကန်လုံး အသေး ၂ လုံးခန့်
  • နို့ဆီ ၁၄ အောင်စ

ပြုလုပ်နည်းအဆင့်ဆင့်

ဘယ်ရီသီးများကို ဇွန်းလေးနဲ့ကြိတ်ချေလိုက်ပြီး သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်းပေါင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

ချောကလက်အဖြူရောင်ကို အတုံးသေးသေးလေးများဖြစ်သွားအောင် လှီးဖြတ်လိုက်ပါ။

ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲ၌ ခရင်မ်နဲ့ နို့ဆီများပေါင်းထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

ခရင်မ်နဲ့နို့ဆီများ ပျစ်နှစ်သွားပါက ဘယ်ရီသီးအနှစ်များ လောင်းထည့်ပြီး ယောင်းမနဲ့ ဆက်မွှေပေးလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ ချောကလက်အဖြူရောင် အတုံးအခဲများထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ တစ်ညခန့် ထည့်ထားလိုက်ပါ။

စားခါနီးကျမှ ဇွန်းလေးနဲ့ ခပ်ပြီး ပန်းကန်လုံးလေးထဲထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ တကယ်လို့ ဘယ်ရီသီး အမဲမကြိုက်ပါက စတော်ဘယ်ရီသီးကို အစားထိုးအသုံးပြုနိုင်ပါသေးတယ်။

Source: Kitchenbowl.com