အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူ ခေါက်ဆွဲလေး ချက်စားရအောင်ပါ။

လုပ်ရတာသိပ်လည်းမခက်ဘူး။ အရသာလည်းရှိတယ်။ အစပ်ကြိုက်တဲ့ မိသားစုဝင်တွေအတွက်တော့ ပိုပြီးအရသာတွေ့စေမှာပါ။ အစပ်သိပ်မကြိုက်ရင်လည်း လျှော့ပြီးချက်လို့ရပါတယ်။

ပါဝင်ပစ္စည်း

အမဲသားအတွက်

  • အရိုးမပါတဲ့ အမဲသား ၂ ပေါင်ခန့်
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
  • ဂျင်းတေက်တောက်စဉ်း စားပွဲတင်ဇွန်း ၃ ဇွန်း

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • Five-spice powder မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

ကျန်တဲ့ ဟင်းရည်အတွက်

  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • စပါးလင် ၁ ပင် (၃လက်မအရှည်လောက်လှီးလိုက်ပါ)
  • စပါးလင် ၂ ပင် (တောက်တောက်စဉ်းပါ)
  • ကြက်သွန်ဖြူ ၈ မွှာ (တောက်တောက်စဉ်းပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးပါ)

  • ခရမ်းချဉ်သီး အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ ၈ခွက်
  • အုန်းရည် ၂ ခွက်
  • နာနတ်ပွင့် ၂ ပွင့်
  • ငရုတ်သီးမှုန့် အနည်းငယ်

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးအစိမ်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၈ လုံး ( အခွံနွှာပြီး ၁ လက်မခွဲလောက် အရှည်လှီးလိုက်ပါ)
  • ဆား အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ငရုတ်သီးကြော်ထားတဲ့ အဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံ (သို့) ကြက်ဥ ခေါက်ဆွဲ
  • နံနံပင် တောက်တောက်စဉ်း ခွက် ၁/၄ ပုံ
  • ပင်စိမ်းရွက်အနည်းငယ်

  • ကြက်သွန်နီအစိမ်း ပါးပါးလှီး
  • သံပရာသီး အနည်းငယ်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို အသင့်ပြင်ထားပါ။

အမဲသားကို အပေါ်မှာ ပေးထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးနဲ့ ရောပြီး နယ်ထားပါ။ မိနစ် ၃၀ လောက်ထားထားပါ။ (အရသာဝင်အောင်ဖြစ်ပါတယ်။

အဲဒီနောက် ဆီ ကို အိုးအကြီးထဲ ထည့်လိုက်ပြီး အပူပေးပါ။ စပါးလင်ထည့်ပါ။ ခဏမွှေပေးလိုက်ပါ။

ပြီးရင်တော့ ကြက်သွန်ဖြူနဲ့ စပါးလင် တောက်တောက်စဉ်းကို ထည့်လိုက်ပါ။ ၂ မိနစ်လောက်ထပ်မွှေပါ။

ကြက်သွန်နီထည့်လိုက်ပါ။ နူးသွားအောင်မွှေပါ။ အမဲသားထည့်လိုက်ပါ။ အမဲသား ညိုလာပြီရင်တော့ ခရမ်းချဉ်သီး အနှစ်ထည့်ပါ။

သေချာမွေပေးပါ။ (၅မိနစ်လော်ကမွေရပါမယ်)

ရေထည့်ပါ။ အုန်းရည်ထည့်ပါ။ နာနတ်ပွင့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့် တို့ထည့်လိုက်ပြီး ဆူအောင်သည်လိုက်ပါ။

ဆူလာပြီဆိုရင်တော့ အပူချိန်ကို အနည်းငယ်လျှော့ပါ။ ၁ နာရီလောက် ခဏထားပါ။

၁ နာရီကျော်သွားရင် မုန်လာဥနီ၊ ဆား၊ ပဲငံပြာရည်၊ ငရုတ်ဆီ တို့ထည့်လိုက်ပြီး မိနစ် ၄၀ လောက်ထပ်ထားပါ။ ရေခမ်းရင် ထပ်ထည့်လိုက်ပါ။

အဲဒီနောက် စပါးလင်အကြီးကို ထုတ်လိုက်ပြီး နာနတ်ပွင့်ကိုလည်း ဆယ်ထုတ်လိုက်ပါ။ အဲဒီနောက် ခေါက်ဆွဲထည့်လိုက်ပါ။

ခေါက်ဆွဲနူးပြီဆိုရင်တော့ နံနံပင်၊ ပင်စိမ်း၊ ကြက်သွန်နီ၊ သံပရာသီး အနည်းငယ်ညှစ်လိုက်ပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar