ဒီရက်ပိုင်းမှာ စိတ်ဖိစီးမှုကြောင့်လား၊ အလုပ်များလို့ပဲလားမသိဘူး အိပ်မပျော်ဘဲဖြစ်နေတယ်။ Facebook ပေါ်က သူငယ်ချင်းတစ်ချို့တင်ထားတဲ့ Status မှာလည်း အိပ်မပျော်ဘူး၊ အိပ်လို့မရဘူးဆိုတာမျိုးတွေ တွေ့နေရလို့ ဒီအကြောင်းအရာကို မျှဝေပေးလိုက်ပါတယ်။

အိပ်မပျော်တော့ရော ဘာဖြစ်လို့လဲ။ ဖြစ်တာပေါ့။ အိပ်မပျော်တာများရင် အိပ်လို့မရတာများရင် Short-Term Memory (ရေတိုမှတ်ဉာဏ်) Long-Term Memory (ရေရှည်မှတ်ဉာဏ်) ချို့ယွင်းလာနိုင်ပါတယ်။လူတစ်ယောက်အတွက် တစ်နေ့ကို ၈ နာရီလောက် အိပ်ရမယ်ဆိုတာ သိပေမဲ့ ကျွန်မတို့တွေရဲ့ အိပ်ချိန်မမှန်တာတွေက အဓိကပြဿနာပါ။  အိပ်မပျော်လို့ ဟိုလိမ့်ဒီလိမ့်နဲ့ မိုးလင်းခါနီးမှ အိပ်ပျော်တတ်တာကလည်း ကျန်းမာရေးကို ထိခိုက်စေသလို၊ အိပ်ရေးပျက်တာကလည်း ကိုလက်စထရောများစေပါတယ်။

အိပ်မပျော်တာများလာလို့ ဒီကနေ့ခေတ်မှာ ဆေးဝါးတွေမှီဝဲလာကြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက် အဆင်မပြေပါဘူး။ အိပ်မပျော်တာတွေကို သဘာဝနည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

boil-bananas-before-bed-drink-the-liquid-and-you-will-not-believe-what-happens-to-your-sleep

ငှက်ပျောလက်ဖက်ရည်

ငှက်ပျောသီးလက်ဖက်ရည်က အရသာရှိပြီး ပြုလုပ်ရတာလွယ်ကူသလို အိပ်မပျော်တာကိုလည်း ကုသပေးနိုင်မှာပါ။ ငှက်ပျောသီးနဲ့ ငှက်ပျောခွံတွေမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေများစွာပါဝင်တာကြောင့် အနားယူဖို့အတွက် အကောင်းဆုံး ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။

၁၀၀% အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ငှက်ပျောသီးတွေကို ယူဖို့လိုအပ်ပါတယ်။အော်ဂဲလ်နစ်စနစ်နဲ့ စိုက်ပျိုးတာမဟုတ်တဲ့ ငှက်ပျောသီးတွေက မြေသြဇာတွေပါဝင်ပါတယ်။ ငှက်ပျောသီးလက်ဖက်ရည်ကို ဘယ်လိုလုပ်မလဲဆိုတာကို ပြောပြပေးပါမယ်။

boil-bananas-before-bed-drink-the-liquid-you-will-not-believe-what-happens-while-you-sleep

ပါဝင်ပစ္စည်း

ရေထည့်ထားတဲ့ အိုးသေး (၁) လုံး
အောဂဲလ်နစ် ငှက်ပျောသီး (၁) လုံး
သစ်ကြံပိုးခေါက်မှုန့် အနည်းငယ် (ဇွန်း ၁ပုံ၈ပုံ)

ပြုလုပ်နည်း

ပထမဆုံး ငှက်ပျောသီးကို အခွံနွာပြီး အပိုင်းပိုင်းဖြတ်လိုက်ပါ။ အဲဒီနောက် အိုးထဲထည့်ပြီး ၁၀ မိနစ်လောက် ဆူအောင်ထားပါ။ အဲဒီနောက် ဇကာပေါက်ပါတဲ့ အိုးနဲ့ ရေစစ်ချပါ။ ပြီးရင် သစ်ကြံပိုးခေါက်မှုန့် ဖြူးပေးပြီး အိပ်ယာမဝင်ခင် အဲဒီဖျော်ရည်ကိုသောက်ပါ။ တကယ်လို့ ငှက်ပျောသီးဖတ်ကို စွန့်ပစ်ရမှာ နှမျောရင်လည်း ဒီအတိုင်း သစ်ကြံပိုးခေါက်မှုန့်ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။