ဖက်ထုပ်စွပ်ပြုတ် ပြုလုပ်နည်းနှင့် ပါဝင်ပစ္စည်းများ – ဖက်ထုပ် ၊ ဟင်းရည်ပြုလုပ်ရန် ငါးပါနီ၊ ဒါရှီမာ ခေါ် ပင်လယ်ရေညှိပြား ၊ မုန်လာဥနီ၊ ကြက်သွန်နီ ၊ ကြက်ဥ ၊ ကြက်သွန်မိတ်၊ ပဲငံပြာရည် ၊ ဆား၊ ကြက်သွန်နီတောက်တောက်စင်း

screen-shot-2016-12-07-at-08-44-01

အရင်ဦးဆုံး အိုးထဲတွင် ရေကို လုံလုံလောက်လောက် ထည့်ပြီးနောက် ဟင်းရည်ချက်ရန် အတွက် ပြင်ဆင်ထားသော ငါးပါးနီနှင့် ပင်လယ် ရေညှိပြား (ဒါရှီမာ)၊ ကြက်သွန်နီတို့ကို ထည့်ပြီး ဟင်းရည်ချက်ပါ။

screen-shot-2016-12-07-at-08-44-12

ဟင်းရည်ပွက်ပွက်ဆူလာပါက ပဲငံပြာရည်ကို ဇွန်း ၂ဇွန်းစာ ထည့်ပေးပါ။ ထို့နောက် ၅မိနစ်ကြာ ပြုတ်ပြီးနောက် ငါးပါးနီနှင့် ပင်လယ်ရေညှိ(ဒါရှီမာ)၊ ကြက်သွန်နီတို့ကို အဖတ် ဆယ်ပေးပါ။

screen-shot-2016-12-07-at-08-44-25

အဖတ်များ အားလုံး ဆယ်ပြီးနောက် မုန်လာဥနီ ၊ ကြက်သွန်နီ အသစ်ကို ထည့်ပြီး ပြုတ်ပေးပါ။

screen-shot-2016-12-07-at-08-44-35

နောက်ဆုံးတွင် ကြက်သွန်ဖြူ တောက်တောက်ဆင်းကို ထည့်ပေးပါ။

screen-shot-2016-12-07-at-08-44-51

ထို့နောက် ဖက်ထုပ်ကို ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုတ်ပေးပါ။

screen-shot-2016-12-07-at-08-44-59

ကြက်ဥ ၂လုံးကို အသင့် ဖောက်ပြီး မွှေထားပေးပါ။

screen-shot-2016-12-07-at-08-45-07

ပွက်ပွက်ဆူနေသော ဖက်ထုတ်စွပ်ပြုတ်ရည်ထဲတွင် မွှေထားသော ကြက်ဥကို ထည့်ပြီး မွှေပေးပါ။

screen-shot-2016-12-07-at-08-45-16

ဖက်ထုပ်စွပ်ပြုတ် ပေါ်တွင် နောက်ဆုံး အနေဖြင့် ကြက်သွန်မိတ်ကို တင်ပေးပြီးနောက် ကောင်းကောင်းကျက်ပြီ ဆိုပါက ဖက်ထုတ်  စွပ်ပြုတ် (မန်းဒူဂု) အဆင်သင့် ဖြစ်ပါပြီ။

screen-shot-2016-12-07-at-08-43-51