နေ့စဉ်ထမင်းစားရင် ဟင်းချိုလေးသောက်လိုက်ရမှ ကြိုက်တယ်ဆိုသူများအတွက် နောက်ထပ်ဟင်းချိုအမယ်သစ်လေးပါ။ ချဉ်ပေါင်ဟင်း၊ ကန်စွန်းရိုးနီဟင်း၊ မုန်လာဟင်း စသဖြင့် ဟင်းချိုတွေကို ရိုးသွားပြီဆိုရင်တော့ ဒီဟင်းချိုလေးကို တမျိုးပြောင်းချက်ကြည့်ကြနော်။

ပါဝင်ပစ္စည်းများ

  • မုံညင်းစိမ်း
  • ပဲပုပ် ၁ချပ် (မီးကင်ထောင်းထားပါ)
  • ခရမ်းချဉ်သီး
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်
  • ဟင်းချိုမှုန့် အနည်းငယ်
  • ဂျင်း အနည်းငယ်

ပြုလုပ်နည်း

  1. ဟင်းရည်အိုးထဲတွင် ပဲပုပ်၁ချပ် မီးကင်ထောင်း၊ ခရမ်းချဉ်သီး ၊ ဆီနဲနဲ ၊ ဆား ၊ ဟင်းချိုမှုန့် ထည့်ပြီး တည်ထားပါ ။
  2. ဟင်းရည် ပွက်ပွက်ဆူရျ် စားခါနီးမှ မုံညင်းနဲ့ ဂျင်း ထည့်လိုက်ပါ ။
  3. အရသာ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။

Credit: Phyu Phyuhnin