အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အချိုပွဲလေးတစ်ခုဖြစ်တဲ့ ချယ်ရီသီး ချောကလက်ကိတ်ကို မိမိအိမ်မှာပဲ ဘယ်လိုပြုလုပ်လုပ်ရမလဲဆိုတာလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကိတ်မုန့်အထဲ အစာသွပ်ရန်

  • ချယ်ရီသီး ပန်းကန်လုံး ၃ လုံးစာ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရမ်အရက် (သို့) ဘရန်ဒီ ပန်းကန်လုံး တစ်ဝက်ခန့်
  • ရေ ပန်းကန်လုံး လေးပုံတစ်ပုံခန့်

  • ထောပတ် စားပွဲတင်ဇွန်း ၁၆ ဇွန်းစာ (ထောပတ်ချောင်း တစ်ချောင်းက စားပွဲတင်ဇွန်း ၈ ဇွန်း စာနဲ့ ညီမျှပါတယ်)
  • နို့ဆီ ၁၄ အောင်စခန့်
  • ခရင်မ်ချိစ် ၈ အောင်စခန့်
  • Heavy ခရင်မ် ပန်းကန်လုံး လေးပုံ သုံးပုံခန့်

ကိတ်မုန့်ပြုလုပ်ရန်အတွက်

  • ကြက်ဥ ၉လုံး
  • သကြား ပန်းကန်လုံးတစ်လုံးစာ
  • ဂျုံမုန့် ပန်းကန်လုံး တစ်လုံးနှင့် လေးပုံတစ်ပုံစာ

ကိတ်မုန့်ရလာပါက အပေါ်မှ ဆမ်းရန်အတွက်

  • ချောကလက် အစအနလေးများ ပန်းကန်လုံး တစ်လုံးနှင့် သုံးပုံတစ်ပုံခန့်
  • ခရင်မ် ပန်းကန်လုံး တစ်လုံးစာ

ပြုလုပ်နည်းအဆင့်ဆင့်

ချယ်ရီသီများကို ပန်းကန်လုံး အကြီးတစ်လုံးထဲထည့်ပြီး ရမ်အရက်နှင့် သကြားစားပွဲတင်ဇွန်း တစ်ဇွန်းထည့်ကာ အခန်းအပူချိန်နဲ့ တစ်နာရီခန့် စိမ်ထားပါ။

တစ်နာရီပြည့်တဲ့အခါ ချယ်ရီသီးများနဲ့ အရည်များကိုသပ်သပ်စီ ခွဲထားလိုက်ပါ။

Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်နဲ့ အပူပေးထားပါ။ ကြက်ဥ အကာနဲ့ အနှစ်များကို သပ်သပ်စီခွဲထားပါ။ ကြက်ဥအကာကို သကြားပန်းကန်လုံးတစ်လုံးစာကို အကုန်မထည့်ဘဲ တစ်ဝက်ထည့်ပြီး မွှေစက်နဲ့မွှေပေးလိုက်ပါ။

ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ကြက်ဥအနှစ်နဲ့ တစ်ဝက်ကျန်တဲ့သကြားများကို မွှေခလောက်ပေးလိုက်ပါ။

အခြားပန်းကန်လုံးတစ်လုံးထဲမှာ ဂျုံမုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ ကိုးကိုးမှုန့်တို့ကို ရောမွှေပေးလိုက်ပါ။ ကြက်ဥအနှစ်အရည်များထဲသို့ စောစောကမွှေထားတဲ့ ကြက်ဥအကာအရည်များ တစ်ဝက်ခန့် လောင်းထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ဂျုံမှုန့်များကို နည်းနည်းချင်းစီ ခဏခဏထည့်ပေးပြီး မွှေပါ။ ဂျုံမှုန့်ထည့်လို့ ကုန်သွားမှ ကျန်တဲ့ ကြက်ဥအကာအရည်များ ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

ထိုအရောအနှောကြီးတစ်ခုလုံးကို အိုးအဝိုင်းထဲ ပြောင်းထည့်ပါ။

မီးအပူကြိုပေးထားတဲ့ Oven ထဲမှာ ၁ နာရီခန့် ထည့်ပြီးဖုတ်လိုက်ပါ။

၁ နာရီပြည့်တဲ့အခါ Oven ထဲက ထုတ်ပြီး အအေးခံနေတဲ့အချိန်မှာ ကိတ်မုန့်အထဲ အစာသွပ်ဖို့အတွက် ပြင်ဆင်ရပါမယ်။ အရင်ဆုံး ခရင်မ်များကို မွှေစက်နဲ့မွှေပေးလိုက်ပါ။ ထို့နောက် ခရင်မ်ချိစ်များ ထပ်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။ ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ မွှေတာကို ရပ်လိုက်ပါ။

ကိတ်မုန့်ရဲ့ ထိပ်ပိုင်းကို လေးပုံသုံးပုံခန့် လှီးဖြတ်လိုက်ပါ။

ပြီးရင် ကိတ်မုန့်ရဲ့ အပေါ်ပိုင်းကိုဖယ်လိုက်ပြီး အထဲက အသားများကို လက်ကလေးနဲ့အသာအယာဖယ်ထုတ်ပြီး ရေတွင်းပုံသဏ္ဍာန်ပြုလုပ်လိုက်ပါ။

ဖယ်ထုတ်ထားတဲ့ အသားများကို ပန်းကန်လုံးလေးထဲ ထည့်ထားပါ။

ပြီးရင်တော့ ချယ်ရီသီးများကို ကိတ်မုန့်အကြေများနဲ့ အသာအယာရောနယ်ပေးလိုက်ပါ။ (ကိတ်မုန့်ကို အလှဆင်ဖို့အတွက် ချယ်ရီသီး လေး၊ ငါး၊ ခြောက်လုံးလောက် ချန်ထားပေးပါ။) စောစောကမွှေထားတဲ့ ခရင်ချိစ်များထည့်ပြီး ရောမွှေပေးလိုက်ပါ။

နယ်ထားတဲ့ ချယ်ရီသီးကိတ်မုန့်အကြေများကို ကိတ်မုန့်အထဲပြန်ထည့်ပါ။

အဖုံးပြန်ပိတ်ပြီး ရေခဲသေတ္တာထဲ ပြန်အအေးခံထားပါ။

ကိတ်မုန့်အချောသတ်ဖို့အတွက် ပြင်ဆင်ပါမယ်။ ချောကလက်အတောင့်အခဲများကို Heavy ခရင်မ်များနဲ့ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ရောကြိုပေးလိုက်ပါ။

ကြိုပြီး အအေးခံပြီးတဲ့နောက်မှာတော့ ဇွန်းအသုံးပြုပြီး ကိတ်မုန့်ရဲ့အပေါ်ပိုင်းနဲ့ ဘေးအနားသားတွေကို သုတ်လိမ်းပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ချယ်ရီလုံးများကို ကိတ်မုန့်ပေါ်မှာအလှဆင်ပြီး ချောကလက်အမှုန့်လေးများ အနည်းငယ်ဖြူးပေးလိုက်ပါ။

ဒါဆိုရင်တော့ အိမ်တွင်းကိတ်မုန့်လေးတစ်ခု ရရှိသွားပါပြီ။

Source: www.mydeliciousmeals.com