အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မုန်ညှင်းစိမ်းကြိုက်တဲ့သူတွေအတွက် အရသာတစ်မျိုးလေးနဲ့ စားလို့ကောင်းတဲ့ မုန်ညှင်းစိမ်း မှိုကြော် ပြုလုပ်နည်းကိုမျှဝေပေးချင်ပါတယ်နော်။

ပါဝင်စ္စည်း

  • တရုတ်မှိုခြောက် ၇၀ ဂရမ်
  • မုန်ညှင်းစိမ်း ၂၈၀ ဂရမ်
  • ဆီ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝိုင်အနည်းငယ်

  • ကြက်သွန်ဖြူ ၂ မွှာ တောက်တောက်စဉ်း အနည်းငယ်
  • ပဲငံပြာရည်အနှောက် အနည်းငယ်
  • ပဲငံပြာရည်အကြည်အနည်းငယ်
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြားအနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • ငရုတ်ကောင်းအဖြူမှုန့် အနည်းငယ်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း ရောလိုက်ပါ

ပြုလုပ်နည်း

အရင်ဆုံး တရုတ်မှိုအခြောက်ကို ခွက်ထဲထည့်လိုက်ပါ။ ရေနွေးထည့်လိုက်ပြီး ၁၅ မိနစ်လောက်ထားထားပါ။

၁၅ မိနစ်ပြည့်ရင် နောက်ထပ် ရေထပ်လဲပေးပြီး နောက်ထပ် ၁၅ မိနစ်ထားထားပါ။

ပြီးရင်တော့ မုန်ညှင်းစိမ်းကိုရေသေချာဆေးလိုက်ပါ။ အညှစ်အကြေးတွေပြောင်အောင်ဆေးပါ။

အဲဒီနောက် မှိုစိမ်ထားတာပြည့်သွားရင် ခွက်တစ်လုံးထဲထည့်ပြီး ရေတွေကိုညှစ်ထုတ်လိုက်ပါ။

ပြီးရင် ရေ ၆ ခွက်၊ ဆီ စားပွဲတင်ဇွန်း ၁ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း၁ ဇွန်းထည့်ပြီး ဆူအောင်သည်လိုက်ပါ။ ပြီးရင်တော့ မုန်ညှင်းဖြူထည့်လိုက်ပြီး စက္ကန့် ၄၀လောက်ပြုတ်လိုက်ပါ။

ပြီးရင်တော့ ရေအေးအေးနဲ့ စိမ်လိုက်ပါ။ ရေဆစ်ချလိုက်ပါ။

ပြီးရင်တော့ ပန်းကန်ပြားထဲထည့်လိုက်ပြီး မုန်ညှင်းကို အခုပုံမှာပြထားသလို အဝိုင်းလေးထည့်လိုက်ပါ။

ပြီးရင်တော့ အိုးကိုအပူပေးလိုက်ပြီး ဆီနည်းနည်းထည့်လိုက်ပါ။ ပြီးရင်ကြက်သွန်ဖြူတောက်တောက်စဉ်းထည့်လိုက်ပြီး မှိုထည့်လိုက်ပါ။ ၁၀ စက္ကန့်လောက်မွှေပေးလိုက်ပါ။

ဝိုင်ထည့်ပေးလိုက်ပါ။

အဲဒီနောက် မှိုစိမ်ထားတဲ့ရေကို နည်းနည်းလေးထည့်လိုက်ပါ။

ဆူလာပြီဆိုရင်တော့ ငံပြာရည် (၂) မျိုးလုံးကိုထည့်လိုက်ပြီး၊ ငရုတ်ဆီ၊ သကြား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပြီးမွှေပေးလိုက်ပါ။ ၅ မိနစ်လောက်ထားလိုက်ပြီးရင်တော့ ကော်မှုန့်ဖျော်ထားတာကိုထည့်လိုက်ပါ။

အရည်လေးနည်းနည်းပျစ်လာပြီဆိုရင်တော့ စောစောက မုန်ညှင်းထည့်ထားတဲ့ပန်းကန်ထဲကို ထည့်ပေးလိုက်ပါ။ ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar