အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထမင်းပူပူလေးနဲ့ ဝက်သားနူးနူးအိအိလေး ချက်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၄၀၀ ဂရမ်
  • ကြက်သွန်နီကြော် အနည်းငယ်
  • ပဲငံပြာရည် အနှောက် ၅၀ မီလီလီတာ
  • ဝိုင် ၂၅ မီလီလီတာ
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း

  • နာနတ်ပွင့် ၂ ပွင့်
  • သကြား ၂၅ ဂရမ်
  • ဆား နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်ဥပြုတ် ၄ လုံး

ကြက်ဥအကျက် ပြုတ်တွေက ဘယ်လောက်ကြာကြာ ထားလို့ရသလဲ

  • မုန်ညှင်းစိမ်း အနည်းငယ်
  • မုန်လာဥနီအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သား ၃ ထပ်သားကို ပါးပါးလှီးလိုက်ပါ။ ရေသေချာဆေးပေးလိုက်ပါ။

ဒယ်အိုးကိုပူပေးလိုက်ပြီး ဆီနည်းနည်းထည့်ပါ။ ဝက်သားထည့်ကြော်လိုက်ပါ။ ဝက်သားမှာရေလေးခမ်းသွားရင်တော့ သစ်ကြမ်းပိုးခေါက်၊ နာနတ်ပွင့်တို့ကိုထည့်လိုက်ပါ။

သကြား၊ ကြက်သွန်နီကြော် အနည်းငယ်ကိုထည့်ပြီး မွှေပေးလိုက်ပါ။

ပဲငံပြာရည်၊ ဝိုင်ထည့်လိုက်ပါ။ သေချာလေးမေအပေိးုက်ပါ။

အဲဒီနောက် နောက်ထပ်အိုးတစ်လုံးထဲပြောင်းလိုက်ပြီး ရေလေးနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ ကြက်ဥပြုတ်ထည့်လိုက်ပါ။

အဖုံးလေးအုပ်လိုက်ပါ။ မိနစ် ၃၀ လောက်ထားထားပါ။ ၁၀ မိနစ်လောက်နေရင် တခါမီးဖါင့်ပြီးကြည့်ပါ။ လုံးဝခမ်းမသွာေးအာင် မွှေပေးပါ။ ဆားနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပါ။

ဝက်သားနူးအောင်စောင့်နေချိန်မှာ မုန်ညှင်းစိမ်းကို သေချာရေဆေးပြီး လှီးပေးလိုက်ပါ။

အဲဒီနောက် ဆားနည်းနည်းထည့်ပြီး ရေနွေးလေးနဲ့ပြုတ်လိုက်ပါ။ ပြီးရင်တော့ ခဏဆယ်ထားလိုက်ပါ။

စောစောက နှပ်ထားတဲ့ဝက်သားလေးထဲကို မုန်လာဥနီပါးပါးလှီးထည့်လိုက်ပါ။

ဝက်သားနူးနူးအိအိလေး နှပ်စားကြမယ်

အဲဒီနောက် ဝက်သားနှပ်ရယ်၊ မုန်လာဥနီ၊ မုန်ညှင်းစိမ်းရယ် ထမင်းဖြူလေးရယ် တွဲစားလို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar