မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆန်ကို အဓိကထား စားသုံးကြသလို အနောက်နိုင်ငံတွေမှာလည်း ဂျုံဟာ အသက်သွေးကြောပါပဲ။ ဂျုံကနေ ရရှိတဲ့ ပေါင်မုန့်ကိုလည်း အနောက်တိုင်းသားတွေဟာ ရှေးနှစ်ပေါင်းများစွာကနေ ယနေ့အထိ အဓိက အစားအစာ အဖြစ် စားသုံးနေကြဆဲ ဖြစ်ပါတယ်။

မြေအောက်မှာ ရာစုနှစ်ပေါင်းများစွာက လူတွေ စားသုံးခဲ့ကြတာ ဖြစ်ပြီး ကျောက်ခေတ်လူတွေကတည်းက စားခဲ့ကြတယ်လို့ အနောက်နိုင်ငံတွေက အထောက်အထားတွေနဲ့ ပြောဆိုထားကြပါတယ်။ ကျောက်ခေတ်လူတွေဟာ အလွန်ကြမ်းတမ်းတဲ့ မုယောနဲ့ လုပ်တဲ့ ပေါင်မုန့်တွေကို စားခဲ့တယ်ဆိုတဲ့ အထောက်အထားကို ဆွစ်ဇာလန်နိုင်ငံ ဒေသအချို့မှာ တူးဖော်တွေ့ရှိထားပါတယ်။ အီဂျစ်မှာတော့ လွန်ခဲ့တဲ့ ှစ်ပေါင်း ၅၀၀၀ခန့်ကပင် ပေါင်မုန့် အဖြူတွေကို စားသုံးခဲ့ကြပါတယ်။

ပေါင်မုန့်ကို ပြုလုပ်ရာမှာ အဓိက ဂျုံစေ့နဲ့ ကြိတ်ထားတဲ့ ဂျုံမုန့်ကနေ ပြုလုပ်တာဖြစ်ပါတယ်။ ဂျုံမရနိုင်တဲ့နေရာတွေမှာ ရိုင်းစပါး၊ မုယော၊ မြင်းစားဂျုံ၊ အာလူး၊ ပြောင်းဆန်တွေနဲ့ ပြုလုပ်ကြပါတယ်။ ရှေးကျတဲ့လူမျိုးတွေကတော့ အလေ့ကျပေါကတဲ့ အသီးအနှံ အစေ့ဆန်တွေ သစ်ဥတွေကနေ အမှုန့်ကြိတ်ပြီး ပေါင်မုန့် ပြုလုပ်ကြပါတယ်။ အာဖရိကတိုက်မှာ ရှိတဲ့ လူရိုင်းအချို့ကတော့ မျောက်ဥတွေနဲ့ ပေါင်မုန့်ပြုလုပ်ကြပါတယ်။ အမေရိကန်ပြည်မှာတော့ တိုင်းရင်းသားအချို့ကတော့ ဝက်သစ်ချစေ့နဲ့ ပေါင်မုန့် ပြုလုပ်ကြပါတ်။ ပေါင်မုန့် ပြုလုပ်ရမှာ ဂျုံနဲ့ ရိုင်းစပါးဖြင့် ပြုလုပ်ထားတဲ့ ပေါင်မုန့်က ပေါ့ပြီး ပွတာကြောင့် စားသုံးဖို့ အအကောင်းဆုံး ပါပဲ။

ပေါင်မုန့်ပြုလုပ်ရာမှာ အချဉ်ဖောက်ပြီး ပြုလုပ်တဲ့ ပေါင်မုန့်နဲ့ အချဉ်မဖောက်ဘဲ ပြုလုပ်တဲ့ ပေါင်မုန့်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အချဉ်ဖောက်ပြီး ပြုလုပ်တဲ့ ပေါင်မုန့်ဟာ ကြာရှည်တော့ အထားမခံပါဘူး။ အချဉ်မဖောက်ဘဲ ပြုလုပ်တဲ့ ပေါင်မုန့်ဟာ စားလို့ သိပ်မကောင်းလှပေမယ့် ကြာရှည်ခံပါတယ်။ ခရီးဝေး သွားလာသူတွေ အတွက် အသုံးတည့်လှတဲ့ နည်းပါ။

ပေါင်မုန့်ဟာ လူတို့ရဲ့ အင်အားဖြစ်စေတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ပေါင်မုန့်ဖြူ တစ်လုံးမှာ ကာဗိုဟိုက်ဒရိတ်၊ ရေဓာတ်၊ ပရိုတင်းဓာတ်၊ ပြာဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ ပေါင်မုန့်မှာ ပါဝင်တဲ့ ဖြည့်စွက်အစာတွေကြောင့်လည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထပ်မံ ရနိုင်ပါသေးတယ်။ ပဲနဲ့လုပ်တဲ့ ပေါင်မုန့်ကတော့ ကျန်းမာရေးနဲ့ အလွန်ပြည့်စုံစေတဲ့ ပေါင်မုန့်အမျိုးအစားပဲ ဖြစ်ပါတယ်။

ပေါင်မုန့်ကို အဓိက အစာအဖြစ် စားကြတဲ့ နိုင်ငံတွေမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်စေရန် လိုအပ်တဲ့ ပမာဏတွေကို အချိုးကျ အမှန်အကန် ပါဝင်စေဖို့ ဥပဒေများနဲ့ သတ်မှတ်ထားကြပါတယ်။

Credit: Wiki