BreakTalk ကို နှစ်နှစ်ခြိုက်ခြိုက် အားပေးလျက်ရှိကြတဲ့ ဧည့်သည်တော်များအတွက် သတင်းကောင်းလေးတစ်ခုကတော့ ဇွန်လ ၁၅ ရက်နေ့က မြန်မာ ပလာဇာမှာ BreadTalk ရဲ့ ၃ ဆိုင်မြောက်ကို ဖွင့်လှစ်ခဲ့တာပါပဲ။ ၂၀၁၇ ဧပြီလကမှ Junction City မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ BreadTalk ဟာဆိုရင် လူကြိုက်အလွန်များပြီး လက်ရှိအချိန်မှာလည်း ရန်ကုန်မြို့ရှိ စားသုံးသူပေါင်း ၅၆၀,၀၀၀ နီးပါး ဝယ်ယူအားပေးခဲ့ကြပါတယ်။ ၂၀၀၀ ခုနှစ်လောက်က စတင်ပြီး စင်ကာပူနိုင်ငံတွင် ဖွင့်လှစ်ခဲ့တဲ့ BreadTalk ဟာ အရသာအထူးကောင်းမွန်ပြည့်စုံကာ နူးညံ့လတ်ဆတ်တဲ့ ပေါင်မုန့်၊ ကိတ်မုန့် အမျိုးအစားပေါင်းအစုံအလင်ကို မရိုးရအောင် ရောင်းချပေးနေတာကြောင့် ပိုပြီး လူသိများထင်ရှားလာတာပဲဖြစ်ပါတယ်။

အာရှတစ်ခွင်ရှိ စင်ကာပူ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအနှံ့အပြားမှာ ဆိုင်ပေါင်း ၈၀၀ ကျော်ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံကတော့ ၁၇ နိုင်ငံမြောက်ပဲဖြစ်ပါတယ်။ BreadTalk ကရောင်းချပေးနေတဲ့ ပေါင်မုန့်နှင့် ကိတ်မုန့်တို့ရဲ့ အရသာကို နေ့စဉ်နေတိုင်း အထူးသဘောကျနှစ်ခြိုက်စွာ သုံးဆောင်လျက်ရှိတဲ့ အမာခံပရိသတ်တွေဟာလည်း အများအပြားပါပဲ။

လွန်ခဲ့သည့်နှစ်တွေမှာတော့ Junction City နှင့် Junction Square ဘေးရှိ Crystal Tower မှာ ဆိုင်ခွဲနှစ်ဆိုင်ကို ဦးစွာဖွင့်လှစ်ခဲ့ပြီးနောက် BreadTalk ၏မုန့်များကို စားသုံးသူများပြားလာတာကြောင့်လည်း ယခုလို မြန်မာပလာဇာမှာ တတိယမြောက်ဆိုင်ခွဲအသစ်ကို ထပ်မံဖွင့်လှစ်ဖြစ်ခဲ့တာပါပဲ။ စားသုံးသူတွေ Breadtalk ကို အထူးကြိုက်နှစ်သက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အရည်အသွေးမှီပြီး အရသာအထူးကောင်းမွန်တဲ့ မုန့်အမျိုးအစားအစုံအလင်ကို စိတ်တိုင်းကျရွေးချယ်စားသုံးနိုင်ရုံသာမက မနက်စာပြင်ဆင်ပြီး စားသောက်ဖို့အချိန်မရတဲ့ ရုံးသမား၊ ကျောင်းသမားတွေ အတွက် အဆင်ပြေစေဖို့အတွက် မနက်စောစောကတည်းက ဆိုင်ဖွင့်တာကြောင့်ပဲဖြစ်ပါတယ်။

နောက်ပြီး BreadTalk ရဲ့အားသာချက်က Open Kitchen ဖြစ်တာကြောင့် လာရောက်စားသုံးသူများအနေနဲ့ ကုန်ကြမ်းအဆင့်မှစပြီး ပေါင်မုန့်ဖြစ်သည်အထိ ပြုလုပ်ပုံအဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနိုင်တာဖြစ်လို့ လတ်ဆတ်သန့်ရှင်းတဲ့ ပေါင်မုန့်တွေကို ယုံကြည်စိတ်ချစွာစားသုံးနိုင်မှာပါ။

Myanmar Plaza ဆိုင်ခွဲဖွင့်ပွဲနေ့မှာတော့ ဆိုင်ခွဲသစ်သို့ လာရောက်အားပေးစားသုံးကြသူများကို ဂုဏ်ပြုသည့်အနေနဲ့ နံနက် ၈ နာရီမှ ၉ နာရီ အတွင်းလာရောက်သူတိုင်းကို Location နှင့်တကွ Facebook မှာ Check In ဝင်ပေးတာနဲ့ Floss ပေါင်မုန့်တစ်လုံးစီ အခမဲ့ လက်ဆောင်ပေးခဲ့ပါတယ်။

ပရိုမိုရှင်းအနေနဲ့တော့ ၁၅ ရက်နေ့ ကနေ ၁၇ ရက်နေ့အထိ ၈ နာရီ မှ ၁၀ နာရီအတွင်း BreadTalk Myanmar Plaza ဆိုင်ခွဲသစ်မှာ လာရောက်စားသုံးသော ဧည့်သည်တော်များအတွက် Himalayan Pink Salt Roll ကိတ်မုန့်လိပ်၊ An Ban ၊ Copi O ၊ Butter Sugar Loaf နှင့် PumpkinSunflower အစရှိတဲ့ ပေါင်မုန့်များကို တစ်ခုဝယ်လျှင်၊ တစ်ခုလက်ဆောင်ရရှိနိုင်မယ့် အထူးအစီအစဉ်လေး ပြုလုပ်ပေးထားပါတယ်။

ထို့အပြင် BreadTalk ရဲ့ မည်သည့် ဆိုင်ခွဲမှာမဆို ၂သောင်းဖိုးနဲ့အထက် ဝယ်ယူသူတိုင်းကိုလည်း ကျပ် ၈ ထောင်တန်ဖိုးရှိတဲ့ Floss Bottle တစ်ဗူးကို မေတ္တာလက်ဆောင်ပေးသွားဦးမှာပါ။ Customers တွေရဲ့ အရိပ်အကဲကို အမြဲတမ်းကြည့်တတ်တာကြောင့် အားပေးသူများလာတာနဲ့အမျှ  မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင်လည်း ဆိုင်ခွဲတွေကို ဆက်လက်ဖွင့်လှစ်သွားဖို့ အစီအစဉ်တွေလည်း ရှိသေးလို့ မျှော်လင့်စောင့်စားရင်းနဲ့ ဆက်လက်အားပေးလိုက်ကြပါဦးနော်။