အားလုံးပဲမင်္ဂလာပါနော်။ နေရာဒေသအပေါ်မူတည်ပြီး အစားစားသောက်ပုံတွေကွဲပြားလေ့ရှိကြပါတယ်။

ရွှေမြန်မာတို့ကတော့ မနက်စာကို မြန်မာမုန့်တွေ အများအားဖြင့်စားသုံးကြသလို လက်ဖက်ရည်ဆိုင်မှာ အီကြာကွေး ပလာတာ စတာတွေကိုလည်း စားသုံးတတ်ကြပါတယ်။ တချို့ကလည်း ထမင်းဟင်းမှ စားတတ်ကြပါတယ်။

ရွှေမြန်မာတို့ မနက်စာအဖြစ် အဓိက စားသုံးလေ့ရှိတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ စာဖတ်သူတို့ မနက်စာအဖြစ် စားသုံးတတ်တဲ့အစားအစာကိုလည်း မျှဝေပေးသွားပါဦးနော်။

၁။ မုန့်ဟင်းခါး အမျိုးမျိုး

၂။ အုန်းနို့ခေါက်ဆွဲ

၃။ ရှမ်းခေါက်ဆွဲ

၄။ တို့ဟူးနွေး

၅။ ပဲပြုတ်ထမင်းကြော်

၆။ ပဲပြုတ်အီကြာကွေး

၇။ ပဲပြုတ်နံပြား

၈။ ခေါက်ဆွဲသုပ်

၉။ မြန်မာထမင်း၊ဟင်း

၁၀။ နန်းကြီးသုပ်

၁၁။ မြီးရှည်

အားလုံးကြိုက်ကြတဲ့ မြီးရှည်အရည် / အသုပ်

Photo: www.pinterest.com

By: MyFood Myanmar