ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ရင်သားကင်ဆာကို ကာကွယ်စေနိုင်တဲ့ အစားအစာများ

August 5, 2016

ရင်သားကင်ဆာကို ကာကွယ်စေနိုင်တဲ့ အစားအစာများ

Share this on:

အမျိုးသမီးတွေကို ခြိမ်းခြောက်နေတဲ့ ကင်ဆာထဲမှာ ရင်သားကင်ဆာက ထိပ်ဆုံးက ပါဝင်ပါတယ်။ WHO ရဲ့ ထုတ်ပြန်ချက်အရ 2020 ခုနှစ်မှာ ရင်သားကင်ဆာဖြစ်နိုင်ချေဟာ ပိုမိုမြင့်တက်လာမယ်လို့ သိရပါတယ်။ ပုံမှန်ဆေးစစ်ချက်တွေ လုပ်ပြီး ကြိုတင် ကာကွယ်တာတွေကို လုပ်ထားဖို့တော့ လိုပါတယ်။ ကင်ဆာဆဲလ်တွေ သေဖို့ အတွက်ဆိုရင် ကျန်းမာစွာ ပြုမူနေထိုင် စားသောက်ဖို့က အရေးကြီးပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် ချင့်ချိန်စားသောက်ခြင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ အစားအစာတွေကနေလည်း ကာကွယ်လို့ ရနိုင်တဲ့ အခြေအနေတတွေ ရှိပါတယ်။ အချို့အစားအစာတွေဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။

garlic

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဖုအကျိတ်တွေကို ဖွံ့ဖြိုးမှုနှောင့်နှေးစေပြီး ကင်ဆာဆဲလ်တွေကို တားဆီးနိုင်စွမ်း ရှိပါတယ်။ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ Allium
လို့ခေါ်တဲ့ ဓာတ်ပေါင်းစု ကြွယ်ဝစွာ ပါဝင်ပါတယ်။

pomegranates

သလဲသီး
သလဲသီးဟာလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်ပေါင်းစုတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာတွေကို
မဖြစ်ပွားအောင် တားဆီးနိုင်စွမ်း ရှိပါတယ်။

broccoli_0

ပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းမှာ Sulforaphane ခေါ်တဲ့ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်းစု ပါဝင်ပြီး ကင်ဆာအတွက် အကောင်းဆုံး အစားအစာ တစ်ခု ဖြစ်ပါတယ်။

leafy

ဟင်းသီးဟင်းရွက်များ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။ အထူးသဖြင့် ဆလပ်ရွက်၊ ဟင်းနုနွယ်ရွက်၊ မုန်ညှင်း၊ တရုတ်နံနံ အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေဟာ
ကျန်းမာရေး အကျိုးပြုစေမယ့် ဓာတ်တွေ ပါဝင်ပြီး ကင်ဆာဆဲလ်တွေကို တားဆီးနိုင်ပါတယ်။ ရေသေချာ စင်အောင် ဆေးပေးဖို့တော့ လိုပါလိမ့်မယ်။

salmon

ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ၃ နဲ့ ဗီတာမင် ဘီတွဲ၊ ဗီတာမင် ဒီတို့ဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အဖုအကျိတ်တွေ ကြီးထွားမှုကို တားဆီးပေးပါတယ်။

walnuts

သစ်ကြားသီး

သစ်ကြားသီးဟာ ရင်သားကင်ဆာကို ဆန့်ကျင်တဲ့ ဓာတ်ပေါင်းစုတွေဖြစ်တဲ့ အိုမီဂါ ၃နဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
512963-berries

ဘယ်ရီးသီးများ

ဘယ်ရီသီးတွေမှာ Antioxidants and Phytochemicals တွေ ပါဝင်ပြီး ကိုယ်ခန္ဓာထဲကို ကင်ဆာဆဲလ်တွေ မ၀င်လာနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Credit: zeenews (Irengbam Jenny)

Review

User Rating

3.6 (5 Votes)