ရေခဲသေတ္တာကို သန့်သန့်ရှင်းရှင်းနဲ့ အစီအစဉ်တကျထားရှိထားခြင်းက ရေခဲသေတ္တာထဲမှာရှိတဲ့ အစားအစာတွေကို ကြာရှည်ခံပြီး အလေအလွှင့်လည်း ဖြစ်စေမှာမဟုတ်ပါဘူး။

ရှုပ်ထွေးနေတဲ့ ရေခဲသေတ္တာတွေကို ဖွင့်လိုက်ရင် ဘာစားလို့၊ ဘာစားရမှန်းမသိဘဲ ကိုယ့်အစားအစာတွေက အလွယ်တကူ ဒိတ်လွန်သွားနိုင်ပါတယ်။

ဒါကြောင့် ရေခဲသေတ္တာကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

4149105-6-650-f52627328f-1492169809

လေးထောင့်ဗူးကြီးကြီးတွေ ရေခဲသေတ္တာထဲထည့်ထားပါ

ပလပ်စတစ် ဗူးကြီးကြီးတွေကို ရေခဲသေတ္တာထဲထည့်ထားပြီး ဗူးတွေပေါ်မှာ (အသား၊ ငါး၊ ပင်လယ်စာ စသဖြင့်) ရေးသားထားပါ။ ဒါဆိုရင် ကိုယ်ရှာချင်တာ အလွယ်တကူ ရှာလို့ရသွားပါပြီ။

4149055-5-650-8af28e39ed-1492169809

ညှပ်တွေကိုသုံးလို့ရ

ဖောက်စားထားတဲ့ အထုပ်တွေမှာ ဆိုရင် လေပြန်လုံအောင် ညှပ်တွေကိုသုံးပြီး ရေခဲသေတ္တာ ဇကာအောက်ခြေမှာ ညှပ်ထားလိုက်ပါ။ ဒါဆိုရင် အထုပ်တွေထဲမှာလည်း လေလုံသွားပြီး ရေခဲသေတ္တာ နေရာလည်း ယူမှာမဟုတ်ပါဘူး။

4149255-42-650-d56134e26a-1492169809

ဆော့စ်ဗူးတွေကို ကြက်ဥထည့်တဲ့နေရာမှာထားလို့ရ

ရေခဲသေတ္တာဖွင့်လိုက်တာနဲ့ ဆော့စ်ဗူးတွေ ဟိုလိမ့်၊ဒီလိမ့်ဖြစ်နေလို့ စိတ်ရှုပ်နေပါသလား။ ဆော့စ်ဗူးတွေကို ကြက်ဥထည့်တဲ့နေရာမှာ ဇောက်ထိုးထည့်ထားရင် ဟိုလိမ့်၊ဒီလိမ့် မဖြစ်တော့ပါဘူး။

4149505-SideDoorFridg-650-d0348dd266-1492169809

အသီးအရွက်ခြောက်တွေကို ဗူးတွေထဲထည့်သိမ်းထားမယ်

အသီးအရွက်ခြောက်တွေကို သပ်သပ်ရပ်ရပ်နဲ့ ကြာရှည်ခံဖို့ ဗူးလေးထဲမှာ စီစီရီရီလေး ထည့်ထားလို့ရပါတယ်။

4149205-magnet-fridge-650-e041e211bb-1492169809

သံလိုက်ကို အသုံးပြုခြင်း

ဗူးလေးတွေရဲ့ အောက်ခြေမှာ သံလိုက်လေးတွေကို ကပ်ထားပြီး ရေခဲသေတ္တာရဲ့နံရံမှာ ကပ်ထားရင်လည်း ရေခဲသေတ္တာ နေရာတွေ ပိုထွက်လာမှာဖြစ်ပါတယ်။

4149355-eat-me-first-box-650-164c55942a-1492169809

အရင်ဆုံး စားရမယ့် အစားအစာများကို မြင်သာထင်သာအောင်ထားပါ

အစားအသောက်တွေ အလဟဿ မဖြစ်သွားဖို့အတွက် အရင်ဆုံး စားရမယ့် အစားအစာများကို လေးထောင့် ဗူးလေးတစ်ခုထဲထည့်ပြီး “အရင်ဆုံး စားပါ” စာကပ်ထားပါ။

4149155-enhanced-buzz-23381-1371399391-26-650-301e291cb2-1492169809

စာလေးတွေကပ်ထားပါ

ရေခဲသေတ္တာရဲ့ အကန့်တိုင်းမှာ ခွဲခွဲခြားခြား နဲ့ ထင်သာမြင်သာရှိအောင် စာလေးတွေ ရေးကပ်ထားပေးပါ။ တတ်နိုင်ရင် ကုန်ဆုံးမယ့်ရက်ကိုပါ တပ်ထားပေးပါ။