မုန့်ဆမ်းကိုတော့ မြန်မာလူအများစုက ရင်းနှီးပြီးသားဖြစ်မှာပါ။ ငယ်စဉ်အချိန်က ဘေးအိမ်မှ ဦးရှင်ကြီးတင်ပြီး စွန့်တော့မှ စောင့်ပြီးစားရတာကို မှတ်မိကြမှာပါ။ အခုအချိန်မှာတော့ စားချင်စိတ်ဖြစ်လာပြီဆိုရင် စောင့်နေစရာမလိုတော့ပါဘူး။ အခုပဲချက်နည်းလေးကို ဖော်ပြပေးမှာဖြစ်လို့ စားချင်တဲ့အချိန် ချက်ချင်းထပြီး ပြုလုပ်စားသုံးနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • မုန့်ဆမ်းခြောက်
  • သကြား
  • ဆားအနည်းငယ်
  • အုန်းသီး

ပြုလုပ်နည်း

  1. မုန့်ဆမ်းခြောက်ကို စပါးစေ့တွေ အမှိုက်တွေ ဖယ်ရှားပြီး ရေနွေးနဲ့ဆေးပြီး ရေစစ်ကာ ဇလုံတစ်ခုထဲထည့်ပြီး အဝတ်ပါးစလေးနဲ့ အုပ်ထားပါ။
  2. နာရီဝက်လောက်ဆို မုန့်ဆမ်းများ ပွလာပါလိမ့်မယ်။ အုန်းသီးကို ခြစ်ထားပါ။
  3. သကြားနဲ့ ဆားအနည်းငယ်ထည့်နယ်ပြီး အုန်းသီးခြစ်ထားတာနဲ့ တွဲဖက်စားနိုင်ပါပြီ။

Credit: Thida Lay Lay