ဂေါ်ဖီထုပ်ဟာ နေ့စဉ်အစားအစာတွေထဲမှာ အမြဲလိုလို ကြုံတွေ့ စားနေရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။ ၁၂ရာသီပတ်လုံး ဝယ်လို့ရနေတဲ့အပြင် ဈေးလည်းမကြီးတာကြောင့် စားသုံးဖို့ မခက်ခဲလှတဲ့ ဟင်းရွက်မျိုးပါ။ ဂေါ်ဖီထုပ်ကို အချို့နေရာတွေမှာတော့ မုန်လာထုပ်လို့လည်း ခေါ်ပါတယ်။

ဂေါ်ဖီထုပ်မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းဓာတ်၊ သကြား၊ အမျှင်ဓာတ်၊ အဆီ၊ သိုင်ယာမင်း၊ နိုင်ယာစင်၊ ရိုင်ဘိုဖလေဗင်၊ ပန်တိုသီးနစ်အက်စစ်၊  ဗီတာမင် စီ၊ ကေ၊ B6 ၊ ဖောလိတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ ဇင့် (သွပ်) ဓာတ်တို့ ပါဝင်ပါတယ်။ အစိမ်းလိုက်စားကြသလို၊ ကြော်စား၊ ချက်စား၊ အချဉ်တည်စား၊ စွပ်ပြုတ်လုပ်စား၊ သုပ်စား စသဖြင့် အမျိုးမျိုး လုပ်စားတတ်ကြပါတယ်။

Cabbage

ဂေါ်ဖီထုပ်စားခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း နေရာအများစုက အညစ်အကြေးတွေကို သန့်ရှင်းပေးပါတယ်။ ကိုယ်တွင်း ဗိုင်းရက်စ်တွေကို နှိမ်နှင်းပေးတဲ့ပိုးသတ်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ အဆီကျစေတဲ့ အတွက် အဆီချ ပရိုဂရမ်တွေထဲမှာ ထည့်သွင်းပြီး စားကြပါတယ်။ ပုံမှန် ဝမ်းမသွားတဲ့လူတွေ စားသုံးသင့်ပါတယ်။ ဂေါ်ဖီထုပ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေရေးမှာ အလွန်ထိရောက်မှု ရှိပါတယ်။

cabbage1

ဂေါ်ဖီထုပ်မှာ များများပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်တွေက ကင်ဆာရောဂါ အမျိုးမျိုးရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာမှု အမျိုးမျိုးက သက်သေပြခဲ့ပါတယ်။ ဂေါ်ဖီထုပ်မှာ ပရိုတင်းဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တို့ များစွာ ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ ဘီတာကယ်ရိုလင်း ပါဝင်တာကြော င့် အိုမင်းမှုကို တားဆီးပေးနိုင်ပြီး ဒြပ်ပေါင်းတွေ များစွာ ပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ထိခိုက်မှု မဖြစ်အောင် ပြုပြင်ပေးနိုင်ပါတယ်။

Credit: Good Health