ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး
  • ဆား
  • ငါးငံပြာရည်
  • သံပုရာသီး
  • သကြား
  • ကြက်သွန်နီ
  • မုန်လာဥနီ
  • ငြုပ်သီးမှုန့်၊ ဆလက်ရွက်နှင့် ပင်စိမ်းရွက်
  • နံနံပင်
  • ပဲကြာဇံ

ပြုလုပ်နည်း

Source: CS Foods

  • ပြည်ကြီးငါးများကို အကွင်းလိုက်လှီး ဆားရည်ဖြင့် စင်အောင်ဆေးပြီး ရေဖြင့် ပြန်ဆေးပါ။
  • ပွက်ပွက် ဆူနေသော ရေနွေးထဲသို့ စက္ကန့် ၃၀ ထည့်ပြုပ်ပြီး ဆယ်ယူကာ ဇကာဖြင့် စစ်ထားပါ။

Source: Oh My Food Recipes

  • ပဲကြာဇံကို ရေနွေး ဖျောထားပါ။
  • ကြက်သွန်နီ၊ မုန်လာဥနီ၊ ဆလက်ရွက်၊ ပင်စိမ်းရွက်၊ နံနံပင်တို့ကို ရေဆေးပြီး အသင့် လှီးထားပါ။
  • ထို့နောက် ရေစစ်ထားသော ပြည်ကြီးငါး နှင့် ပဲကြာဇံ၊ အသင့်လှီးထားသော အရွက်များရော၍ ဆား၊ ငါးငံပြာရည်၊ သံပုရာသီး၊ သကြား၊ငြုပ်သီးမှုန့်တို့အား ထည့်ပြီး ဖြေးညှင်းစွာ နယ်၍ စားသုံးနိုင်ပါသည်။(ချယ်ရီခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း)တို့ ထည့်ပြီးလည်း သုံးဆောင်နိုင်ပါသည်။

Credit: ဇွဲသုသု