တချို့ကလည်း အစာစားနေချိန်မှာ ရေမသောက်သင့်ဘူးလို့ဆိုကြပါတယ်။ ရေက အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓာတ်ကို ပျော့သွားစေတယ်လို့ ယူဆကြပါတယ်။

တချို့တွေကလည်း ရေသောက်ပြီးထမင်းစားရင် အဆီပိုဖြစ်တယ်လို့ ပြောကြပါတယ်။ တချို့သူတွေကလည်း ရေက မကြေညက်တဲ့ အစာတွေကို အစာအိမ်ပြင်ပရောက်အောင်ကူညီပေးနိုင်တယ်လို့ဆိုကြပါတယ်။

အစာအိမ်ထဲမှာ ရေနဲ့ အစားအစာတွေရှိရင် ဘာတွေဖြစ်လာနိုင်မလဲ

အစားအစာတွေကို ဝါးနေရင် တံတွေးနဲ့ ရောသွားပါတယ်။ တံထွေးထဲမှာ အစာခြေဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းဓာတ်တွေပါဝင်နေပါတယ်။

အစာအိမ်ထဲက အစာတွေကြေဖို့အတွက်ဆိုရင် ၄ နာရီလောက်ကြာပါတယ်။ ပြီးမှ အာဟာရဓာတ်တွေကို အူတွေကနေတစ်ဆင့်တခြားနေရာတွေကို ပို့ပေးပါတယ်။

ရေကတော့ အစာအိမ်ထဲမှာ အကြာကြီးမနေပါဘူး။ ၁၀ မိနစ်လောက်အတွင်းမှာတင် ရေ ၁၀ အောင်စလောက် အစာအိမ်ထဲကနေ ဖယ်ထုတ်လိုက်နိုင်ပါတယ်။ အကယ်၍ အစာစားရင် ရေသောက်ရင် အစာအိမ်ထဲမှာ ရေတွေကတော့ အိုင်နေမှာမဟုတ်ပါဘူး။ ဝါးထားတဲ့အစာတွေကို အစာအိမ်ထဲ မြန်မြန်ရောက်စေပြီး အစာအိမ်ထဲက ရေတွေက မြန်မြန် ပြင်ပကို စွန့်ထုတ်လိုက်ပါလိမ့်မယ်။

အရည်တွေက အစာခြေစနစ်ရဲ့ မြန်နှုန်းကို သက်ရောက်မှု မရှိ

အရည်တွေက အစာတွေကို သေချာမကြေညက်ခင်မှာ အူထဲကို တွန်းပို့တယ်ဆိုတဲ့ ယူဆချက်ကို မှန်ကန်ကြောင်း သက်သေမရှိသေးပါဘူး။ အရည်တွေက အစာအိမ်ထဲကနေ ခန္ဓာကိုယ်ပြင်ပကို မြန်မြန်ထွက်နိုင်ပေမယ့် အစာခြေနှုန်း အပေါ်တော့ သက်ရောက်မှုမရှိသေးပါဘူး။

ဒါဆို အစားအစားရင်း ရေသောက်လို့ အဆင်ပြေနိုင်လား

အစာစားရင်း ရေသောက်တာက ဘာထိခိုက်မှုမရှိပါဘူး။ ရေက အစားအစာတွေကို နူးညံ့သွားအောင်ပြုလုပ်နိုင်ပါတယ်။

တစ်ခုတော့ သတိထားရမှာက အစားအစာကို သေချာမဝါးဘဲ ရေမသောက်ပါနဲ့။ ဒါဆိုရင် အစားအစာမှာ လုံလောက်တဲ့ Saliva မရတော့ပါဘူး။

Source: BrightSide