သဘာဝနည်းတွေနဲ့ ဆိုးဝါးတဲ့ ရောဂါတွေကို ကာကွယ်နိုင်တာဟာ ဘုရားပေးတဲ့ ဆုလို့ ပြောရပါမယ်။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပြီး အကျိုးများလှတဲ့ နည်းလမ်းတွေဟာ လူတွေကို အမှန်တကယ်ကို အကျိုးဖြစ်စေပါတယ်။ လူသားတွေကို အဓိက ကြောက်လန့်စေတဲ့ ကင်ဆာရောဂါကို သဘာဝနည်းတွေနဲ့ ဟန့်တားနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဟင်းနုနွယ်ရွက်ဟာ ကျန်းမာစေနိုင်တဲ့ အစိမ်းရောင်ရင့် ဟင်းရွက်တစ်မျိုးပါ။ သူ့မှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။

ဟင်းနုနွယ်ရွက်ကို ကြိတ်ပြီး ဖျော်ရည်အဖြစ်နဲ့ သောက်ခြင်းဟာ ကိုယ်ခံအားကို တက်စေပြီး မကောင်းတဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဖျော်ရည်ထဲကိုတော့ သကြားရှောင် ရပါမယ်။ ဘာကြောင့်လဲဆိုရင် ကင်ဆာဆဲလ်ဟာ သကြားနဲ့ဆိုရင် ပိုပြီး ပြန့်လွယ်တဲ့ အတွက်ပါ။

powerful-juice-that-kills-cancer-cells1

ဒီဖျော်ရည်ကို မနက် အိပ်ယာထပြီးပြီးချင်းမှာ သောက်ရပါမယ်။ မနက်စာ မစားခင် အချိန်ပေါ့။ ကင်ဆာဆဲလ်တွေကို ကာကွယ်ချင်တယ်ဆိုရင်တော့ တစ်နေ့ကို တစ်ခွက်ပဲ သောက်ပါ။ ကင်ဆာ ဖြစ်နေခဲ့ပြီဆိုရင် တစ်နေ့ကို ၃ကြိမ် သောက်ပါ။

ပါဝင်ပစ္စည်းများ

– ဟင်းနုနွယ် လက်အပြည့်
– လီမွန် ၁လုံး
– ရေ ခွက်တစ်ဝက်
– ကိုက်လန် ၃ရွက်

ပြုလုပ်ပုံ

– ပါဝင်ပစ္စည်းတွေကို ရောပြီး ကြိတ်လိုက်ပါ။ ကောင်းကောင်းမွှေပြီး သောက်ပါ
– အားလုံး မရောသေးဘဲနဲ့ ကြိတ်တာ မရပ်ပစ်ပါနဲ့
– ပြီးတာနဲ့ ချက်ချင်း သောက်ပါ။