Mrs Ann Cameron ရဲ့ ကိုယ်တွေ့ ကင်ဆာပျောက်ကင်းစေတဲ့ မုန်လာဥနီ ဖျော်ရည်အကြောင်းကို သိပြီး ဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားကြတဲ့ အတိုင်း မုန်လာဥနီဖျော်ရည် တစ်မျိုးတည်းကိုပဲစွဲပြီး သောက်ပြီးတဲ့နောက်မှာ သူမရဲ့ ကင်ဆာဆဲလ်တွေ မရှိတော့တဲ့အကြောင်း အံ့သြဖွယ် ကြုံတွေ့ခဲ့ရပါတယ်။

ကင်ဆာ အဆင့် ၄ အခြေအနေမှာ ဒီဖျော်ရည်ကို ၆လဆက်တိုက်(အချို့သတင်းတွေမှာတော့ ၈လလို့ ဖော်ပြကြပါတယ်) သောက်ပြီး အကြိတ်တွေ ထပ်မပွားအောင် ထိန်းနိုင်ခဲ့ပါတယ်။ သူမရဲ့ မုန်လာဥနီဖြင့် ကင်ဆာကုသခြင်း ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပြီး ဖျော်ရည်ပြုလုပ်ပုံကိုလည်း ပြန်ပြီး မျှဝေခဲ့ပါတယ်။ MyFood Myanmar ကို ဖတ်နေတဲ့ သူငယ်ချင်းတွေ အတွက်လည်း ပြန်ပြီး မျှဝေလိုက်ရပါတယ်။

Processed with VSCOcam with f2 preset

လိုအပ်သော ပစ္စည်းများ

  • မုန်လာဥနီ 2.5 kg (အကြီး၆တောင့်ရှိပါတယ်)
  • ၁ လက်မ အရွယ် ဂျင်း
  • သစ်ဂျပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်းရဲ့ ၈ပုံ၁ပုံ (ဇွန်းဖျားခန့်)
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • သံပုရာသီး တစ်ခြမ်း (မထည့်လည်း ရပါတယ်)

ပြုလုပ်ပုံ

မုန်လာဥနီတွေကို မကြိတ်ခင်မှာ ရေတစ်နာရီလောက် စိမ်ထားပါ။ မြေသြဇာရဲ့ အန္တရာယ်ကနေ ကင်းဝေစေဖို့ အတွက်ပါ။ ပါဝင် ပစ္စည်းတွေကို ရောကြိတ်ပြီး ရေအနည်းငယ်နဲ့ ဖျော်သောက်ပါ။ သူမကတော့ မနက်တိုင်း သောက်တယ်လို့ ဆိုပါတယ်။ မုန်လာဥနီ ဖျော်ရည်ဟာ ကင်ဆာသမားတွေ အတွက် ကုသနည်းဖြစ်ပြီး ကာကွယ်ချင်သူများ အနေဖြင့်လည်း သောက်လို့ ရပါတယ်။ သွေးတွင်းအဆီကို လျှော့ချပေးပြီး အသားအရေ ကြည်လင်လာစေနိုင်ပါတယ်။ အမျိုးသမီးတွေအတွက် အထူးသင့်လျော်တဲ့ ဆေးတစ်လက်မို့ အကျိုးများစေပါတယ်။

အားလုံးပဲ ရောဂါတွေရဲ့ အဝေးမှာ ကျန်းမာ လှပစွာ နေထိုင်နိုင်ကြပါစေ။