အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလွယ်တကူပြုလုပ်လို့ရတဲ့ ဆော်လမွန် ငါးအသားလုံးကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ဟင်းလျာပြင်ဆင်ချက်ပြုတ်ဖို့ အချိန်အများကြီးပေးစရာမလိုတဲ့အတွက်ကြောင့် အလုပ်အရမ်းရှုပ်တဲ့ အိမ်ရှင်မတွေ စိတ်ကြိုက်တွေ့မှာပါ။

ပါဝင်ပစ္စည်းများ

  • အရိုးနွှင်ထားသည့် ဆော်လမွန်ငါး ၁၄ အောင်စခန့်
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်နီ ၃ ပုံ ၁ ပုံခန့် (ပါးပါးလှီးထားသော)
  • ဆား လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

  • ပေါင်မုန့်အကြေအစများ ပန်းကန်လုံး ၄ ပုံ ၃ ပုံခန်
  • ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • လှီးဖြတ်ထားသော နံနံပင် လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

နုတ်နုတ်စင်းထားတဲ့ငါး၊ မွှေခလောက်ထားတဲ့ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ပေါင်မုန့် အကြေအစများ၊ ဆား၊ ငရုတ်သီးအရောင်တင်မှုန့်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့် စတဲ့ ပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံး အကြီးတစ်လုံးထဲမှာ ထည့်ပြီး ရောနယ်လိုက်ပါ (ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးတည်း ချန်ထားလိုက်ပါ)။

သမအောင် ရောနယ်ပြီးတဲ့အခါ အနေတော် အသားလုံး လုံးထားလိုက်ပါ။

ထို့နောက် ဒယ်အိုးအကြီးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးလိုက်ပါ။ ဟင်းသီးဟင်းရွက်ဆီထည့်ပြီး ဆီကျက်လာတဲ့အထိ စောင့်ပါ။ ဆီကျက်လာပါက ငါးအသားလုံးများကို ထည့်ကြော်လို့ရပါပြီ။

တစ်ခြမ်းစီကို ၄ မိနစ်ခန့် ကြော်ပေးရပါမယ်။

နှစ်ခြမ်းစလုံးကြော်ပြီးတဲ့အခါမှာတော့ စားချင်စဖွယ်လေးဖြစ်အောင်လို့ ခရမ်းချဉ်သီး၊ သခွားသီးစတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ အလှဆင်ပြီး အရသာရှိရှိစားသုံးနိုင်ပါပြီ။ ဆော်လမွန်ငါးက Omega-3 ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထူးပင်သင့်တော်ပါတယ်။

Source: www.mydeliciousmeals.com