Tips & Stories | ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဗိုက်အ၀စားသော်လည်း ၀ိတ်မတက်စေတဲ့ သရေစာများ

November 9, 2016

ဗိုက်အ၀စားသော်လည်း ၀ိတ်မတက်စေတဲ့ သရေစာများ

Share this on:

သင်ဟာ ၀ိတ်ကျဖို့ ကြိုးစားနေသူ တစ်ယောက်ပါလား? ဒါဆိုရင် သင်ဟာ သရေစာတွေကနေ ရလာမယ့် Carbohydrate တွေကို အတတ်နိုင်ဆုံး ရှောင်နေတဲ့ လူတစ်ယောက်ဆိုတာ သေချာသလောက်ပါပဲ။ ဒါပေမယ့် သရေစာတိုင်းရဲ့ Carbohydrate တွေက တခါတရံ ဒုက္ခမပေးတတ်တာမျိုးတွေ ရှိပါတယ်။

Carbohydrate ကို ရှောင်ခါမှ ပိုပြီး ကိုယ်ရဲ့ Diet Plan ဟာ ပိုကြာရှည် သွားတတ်တာမျိုးတွေ ရှိပါတယ်။ အချို့ Carbohydrate များတဲ့ သရေစာတွေဟာ ၀ိတ်ကျဖို့ အတွက် ကူညီပေးနိုင်တာမျိုးတွေ ရှိပါတယ်။ ဘယ်အစားအစာတွေမှာ ဒီလို ဂုဏ်သတ္တိတွေ ရှိနေပါသလဲ?

cereal

Cereal

Cereal ဟာ သင် လေ့ကျင့်ခန်းမလုပ်ခင် စားရမယ့် စူပါ သရေစာပါ။ သင်ဟာ ကိုယ်အလေးချိန်အတွက် အားကစားခန်းမတွေကို သွားနေတဲ့ လူဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်ခင် စားပါ။ cereal နဲ့ နွားနို့ စားလို့ ရပါတယ်။

popcorn
ပြောင်းဖူးပေါက်ပေါက်

တစ်ခွက်မှာ ကယ်လိုရီ ၃၀ ပါပါတယ်။ ၃-၄ ခွက်ထိ စားလို့ ရပါတယ်။ ပြောင်းဖူးပေါက်ပေါက်မှာ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ၀ိတ်ချနေသူတွေ အတွက် ကောင်းမွန်စေမယ့် သရေစာလို့ ဆိုပါတယ်။ ဒါပေမယ့် ပြောင်းဖူးပေါက်ပေါက်ဟာ ထောပတ်တွေ အလွန်အကျွံများနေတာမျိုး ဆားအရမ်းငံနေတာမျိုးတွေ ဆိုရင်တော့ မရပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အိမ်လုပ် ပေါက်ပေါက်ကို စားပါလို့ အကြံပေးထားပါတယ်။

green-bananas
အစိမ်းရောင် ငှက်ပျောသီး

ရေသီလံလို အစိမ်းရောင်အခွံနဲ့ ငှက်ပျောသီးမျိုးကို စားလို့ ရပါတယ်။ အစာ စားချင်စိတ်ကို ကြာရှည်စွာ မဖြစ်ပေါ်စေဘဲ အစာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ Peanut Butter လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောပြီး စားလို့ ရပါတယ်။

roasted-chickpea
ထောပတ်နဲ့လှော်ထားတဲ့ ပဲစေ့

ထောပတ်နဲ့ လှော်ထားတဲ့ပဲစေ့ သရေစာဟာ အမျှင်ဓာတ်နဲ့ Carbohydrate တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ပရိုတိန်းလည်း ကြွယ်ဝစေပါတယ်။ သူတို့ဟာ စွမ်းအင်ကို ပေးနိုင်ပြီး အစာခံနိုင်ပါတယ်။ အခြား Crackers
လို မုန့်မျိုးတွေနဲ့လည်း တွဲစားလို့ ရနိုင်ပါတယ်။

baked-potato

အာလူးကင်

မြန်မာပြည်မှာတော့ အာလူးကင်လောက်ပဲ စားကြတာများပါတယ်။ အာလူးကို ချိစ်နဲ့ ပန်းပွင့်စိမ်းတွေနဲ့ တကူးတက သိပ်မစားကြပါဘူး။ လူအနည်းစုလောက်ပဲ စားကြပါတယ်။ ဒါကြောင့် အာလူးကင်၊ အာလူးထောင်း  တွေကို Carbohydrate များတယ်ဆိုပြီး မရှောင်ဘဲ စားလို့ရပါတယ်။ ဆီတော့ မပါပါစေနဲ့။ အာလူးကြော်နဲ့ မတူပါဘူး။

trailmis

အစေ့အဆန်များ

အစေ့အဆန်တွေကို ရောပြီး Cereal နဲ့ ပေါင်းစားတာပါ။ နေ့လည်နေ့ခင်း သရေစာ အဖြစ် စားပေးလို့ ရပါတယ်။ ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် စွမ်းအင်ကို ရရှိစေပြီး အစာခံနိုင်ပါတယ်။

fruitpop
အသီးအနှံရေခဲချောင်း

အသီးအနှံတွေကို ကြိတ်ပြီး ရေခဲချောင်းလုပ်ထားတဲ့ အိမ်လုပ် ရေခဲချောင်းမျိုးကို စားလို့ ရပါတယ်။ အချိုမပါဘဲ ပြုလုပ်ထားပြီး ဓာတုပစ္စည်းတွေ မပါဝင်တဲ့အတွက် စားလို့ အဆင်ပြေစေမှာပါ။  အိမ်လုပ် ရေခဲချောင်း လုပ်နည်းလေးကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

သီးစုံဒိန်ချဉ်

အသီးအနှံပေါင်းစုံနဲ့ လုပ်တဲ့ ဒိန်ချဉ်ကိုလည်း စားပေးလို့ ရပါတယ်။ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေ ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် ဗိုက်ပြည့်စေပြီး အစာခံနိုင်ပါတယ်။

granola

အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ်တွေဟာ သင့်ကို စိတ်ကျေနပ်မှု ပေးနိုင်ပြီး သင်ရဲ့ Weight Managing အစီအစဉ်တွေကို အောင်မြင်စေဖို့ ကူညီနိုင်ပါလိမ့်မယ်။

Source: menshealth

Review

User Rating

4 (11 Votes)