မုန်လာဦနီမှာ ခန္ဓာကိုယ်ကျန်းမာစေတဲ့ သဘာဝဓာတ်တွေ အများကြီးပါဝင်နေပြီး မုန်လာဦနီကို ချက်စားစား၊ အစိမ်းပဲစားစား ဖျော်ရည်ပဲ လုပ်သောက်သောက် သောက်လို့ရပါတယ်။ မုန်လာဦနီတွေမှာ ဗီတာမင်ပေါင်းများစွာနဲ့ အာဟာရဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။

30-Amazing-Benefits-Of-Carrot-Juice-Gajar-Ka-Ras

မုန်လာဥ မှာပါဝင်တဲ့ ဗီတာမင် နဲ့ အာဟာရများ

  • ဗီတာမင် K, C, B 6, B, B3, A

ဗီတာမင်တွေအပြင် မုန်လာဥနီမှာ တခြား အာဟာရ ဓာတ်တွေလည်း ပါဝင်ပါတယ်။

  • မဂ္ဂနီဆီယမ် (Magnesium)
  • ဖောလိတ် (Folate)
  • ကယ်ဆီယမ်
  • ပိုတက်ဆီယမ်

အမြင်အာရုံ

မုန်လာဦနီမှာ ဗီတာမင် A ဓာတ်ပါဝင်တာကြောင့် အမြင်အာရုံ ချို့ယွင်းမှုကို ကာကွယ်ပေးပြီး အမှောင်ထဲမှာတောင် ပြတ်ပြတ်သားသား မြင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ မုန်လာဥမှာပါဝင်တဲ့ Beta-Carotenes က မျက်လုံး ကြွက်သားတွေ ကျုံ့တာ တင်းတာတို့ကို ကာကွယ်ပေးတာကြောင့် မျက်စိမှုန်တာကို ကာကွယ်ပေးပါတယ်။

ကင်ဆာရောဂါ

မုန်လာဥမှာပါဝင်တဲ့ Beta-Carotenes ဓာတ်က ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကြိတ် နဲ့ သားအိမ်ခေါင်း ကင်ဆာတို့ကို ကာကွယ်ပေးပါတယ်။

roasted carrots on white platter

ကိုလက်စထရော (Cholestrol) လျော့ချ

မုန်လာဥစားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရော (Cholestrol)  ပါဝင်မှုကိုလည်းလျော့ချပေးပါတယ်။ လေ့လာမှုတစ်ခုအရ ကိုလက်စထရော (Cholestrol)  မြင့်နေတဲ့ သူတစ်ဦးက နေ့တိုင်း မုန်လာဥနီ စားသုံးပြီး ၃ ပတ်အကြာမှာတော့ ကိုလက်စထရော (Cholestrol)  ရာခိုင်နှုန်း ၁၁ ရာခိုင်နှုန်း လျော့ကျနေတယ်လို့ တွေ့ရပါတယ်။

ကိုလက်စထရော (Cholestrol)  မြင့်နေတယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေများပြီး တခြား ကျန်းမာရေး ပြဿနာတွေလည်း ကြုံရတတ်ပါတယ်။

လေဖြတ်နိုင်တဲ့ အန္တရာယ်ကိုလျော့ချပေးခြင်း

မုန်လာဦနီက မျက်လုံးအတွက်သာမက ဦးနှောက်အတွက်လည်း ကောင်းကျိုးရှိပါတယ်။ ဒါက ဦးနှောက်မှာ သွေးခဲပြီး လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လျော့ချပေးပါတယ်။ မုန်လာဦနီ တစ်လုံးကိုနေ့စဉ်စားပေးပါက လေဖြတ်နိုင်ခြေ ရာခိုင်နှုန်း ၆၈% လျော့ချပေးပါတယ်။