ဒယ်အိုးပြားလို့ဆိုရမှာ အိုးမကပ်စေတဲ့ သံကြွပ်ဒယ်အိုးပြားတွေကို ဆိုလိုပါတယ်။ ဒီဒယ်အိုးပြားတွေဟာ အိမ်ရှင်မတွေအကြိုက်ပါ။ Chemical တွေ အစားအစာထဲဝင်မှာ စိုးရိမ်စရာမလိုတဲ့အပြင် အပူကို ကောင်းကောင်းရစေပါတယ်။ ဒါပေမယ့် ပထမဆုံးအကြိမ် ဒီ ဒယ်အိုးပြားနဲ့ ချက်ပြုတ်တဲ့အခါ ဘယ်လို သန့်ရှင်းရမလဲဆိုတဲ့ နည်းနည်းတော့ ဒုက္ခရောက်ပါတယ်။ နည်းလမ်းလေးအချို့ကို မျှဝေချင်ပါတယ်။

၁။ ပထမဆုံး နည်းလမ်းကတော့ ပေါ့ပေါ့ပါးပါး ချက်ပြုတ်ပြီး ညစ်ပတ်နေတဲ့ ဒယ်အိုးကို သန့်စင်တဲ့ အခါ သုံးရင် အဆင်ပြေပါတယ်။ ဥပမာ- ကြက်ဥ ကြော်တာတို့ ဟင်းရွက်ကြောတာတို့ လောက်ပဲ သုံးထားတဲ့ ဒယ်အိုးမျိုးပေါ့။ ဒယ်အိုးထဲကို ဆီနည်းနည်းလောင်းထည့်လိုက်ပါ။ ပြီးရင် ဆီစုပ် စက္ကူနဲ့ ပြောင်အောင် ပြန်သုတ်ပေးပါ။

ဟင်းချက်ပြီး ကျန်ခဲ့တဲ့ အစအနတွေကိုလည်း ဖယ်ထုတ်ပြီး သုတ်ပစ်ပါ။ ဒါက ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းပါ။ ဆီနဲ့ သန့်လိုက်တဲ့ အတွက် နောက်တခါ ချက်ဖို့လည်း အဆင်သင့်ဖြစ်နေမှာပါ။

၂။ ဒုတိယနည်းကတော့ နည်းနည်းပိုပြီး ညစ်ပတ်နေတဲ့ ဒယ်အိုး အတွက်ပါ။

ပထမဆုံး ပန်းကန်ဆေးတဲ့ အဝတ်ဖတ်နဲ့ အိုးကို ပွတ်လိုက်ပါ။ ပြီးရင် ဆားနည်းနည်း ထည့်ပြီး စက္ကူနဲ့ ပွတ်တိုက်ပေးပါ။ အိုးထဲမှာ ရှိနေတဲ့ အစားအစာတွေကိုလည်း ဖယ်ထုတ်ပြီး သုတ်ပါ။ အားလုံး ပြောင်ရင်တော့ ဆီနည်းနည်း ထည့်ပြီး ပွတ်ထားလိုက်ပါ။

၃။ တတိယနည်းကတော့ အနံ့ရှိတဲ့ အသားတွေ ချက်ပြုတ်ထားတဲ့ အခါ သန့်တဲ့ နည်းပါ။ စတီးဖတ်ပါ အသုံးပြုပါတယ်။ စတီးဖတ်ကို အတင်းဖိ မတိုက်ဘဲ ခပ်ဖွဖွ တိုက်ပါ။

ပြီးရင် ရေခပ်နွေးနွေး လောင်းထည့်ထားပါ။ ခဏနေပြီး စတီးဖတ်နဲ့ တိုက်ပြီး ဟင်းကျန်တွေကို ဖယ်ပါ။ ရေလောင်းပါ။ ဆပ်ပြာနည်းနည်း သုံးပေးပါ။ တစ်ခု သတိထားရမှာက ဘယ်တော့မှ ဒယ်အိုးပြားကို ရေထဲ နှစ်မထားပါနဲ့။ ရေထည့်ပြီး အကြာကြီးစိမ်ထားတာမျိုးလည်း မလုပ်မိပါစေနဲ့။

ဒါဆို ခဏလေးနဲ့ ပျက်တတ်ပါတယ်။ ဒယ်အိုးကို အခြောက်ခံတဲ့ အခါ အပူနည်းနည်းလေး ပေးပြီး အခြောက်ခံတာ အကောင်းဆုံးပါ။ အားလုံးပြီးရင်တော့ ဆီနည်းနည်း သုတ်ထားလိုက်ပါ။

တခြားနည်းလမ်းလေးတွေ ရှိရင်လည်း Comment မှာ မျှဝေခဲ့ကြပါဦးနော်။

Featured Image Source: seriouseats.com

Credit: thepioneerwoman.com