ငါးခူနှင့် မျှစ် သောက်ဆမ်းကို ထမင်းနှင့်စား၍ရသလို မုန့်ဖတ်ခပ်ပြီး စား၍လည်း ရပါသည်။ ကျမကတော့ မုန့်ဖတ်ခပ်၍ သံပုရာသီးလေး ညှစ်ပြီး စားရသည်ကို  အင်မတန် နှစ်သက်ပါသည်။ အထူးသဖြင့်နေမကောင်းပြီး နလံထအချိန်ဆို ဒီဟင်းရည်ကို ငရုတ်ကောင်းပါ ခပ်ပြီး ရှုးရှဲ သောက်လိုက်လျင် ချွေးများလည်းထွက်၊ ခံတွင်းလည်း ကောင်းစေပါတယ်။ ငါးအစား ပုဇွန်နှင့်လည်းချက်၍ ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ ၅ တုံး
  • မျှစ် လက်၂ဆုပ် (ပြုပ်ထားပါ)
  • ကြက်သွန်နီ တခြမ်း (၄စိတ်စိပ်ပါ)
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)

  • ပဒဲကော လက် ၁ဆစ် (ကွဲရုံထုထားပါ)
  • ငါးပိရည်ကြို ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးစိမ်း အနီတောင့်၂ တောင့် (ပါးပါးလှီးထားပါ)
  • ဆား၊ အချိုမှုန့်၊ ပင်စိမ်းရွက် အနည်းငယ်

ပြုလုပ်နည်း

အိုးထဲတွင် ငါးပိရည်ကြို၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပဒဲကောတို့ကို ရေနှင့်ဆူသည်အထိ မီးအေးအေးဖြင့်တည်ပါ။

ရေဆူလျင် ပြုတ်ထားသော မျှစ်နှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းတို့ကို ဟင်းချိုအိုးထဲ ထည့်၍ တည်ပါ။

ဟင်းရည်ကျလျင် ငါးခူအတုံးများကို ခပ်၍ ဆား၊ အချိုမှုန့် အနည်းငယ်ထည့်၍ ပင်စိမ်းရွက်ကို အုပ်ပါ။

အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar