ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်နီ – ၁လုံး (နုတ်နုတ်စင်း)
  • သစ်ကျပိုးခေါက် ၁ခု
  • ပန်းဂေါ်ဖီ – ၁ပွင့် (ခြစ် (သို့) နုတ်နုတ်စင်း)
  • ဇီယာမှုန့် လ္ဘက်ရည်ဇွန်း ၁ဇွန်း
  • နနွင်းမှုန့် လ္ဘက်ရည်ဇွန်း ၁ဇွန်း
  • ငရုပ်သီးခြောက်အဖတ် လ္ဘက်ရည်ဇွန်း ၁ဇွန်း
  • အုန်းနို့(သံဗူး) ၄၀၀ မီလီ

ပြုလုပ်နည်း

  1. သီဟိုစေ့များကို ဒယ်အိုးတစ်လုံးထဲသို့ထည့်၍ မီးအလယ်အလတ်ဖြင့် ရွှေရောင်သန်းလာ သည်အထိ လှော်ပါ။ ထို့နောက် အအေးခံထားပါ။
  2. ဒယ်အိုးကြီးတစ်လုံးထဲသို့ ဆီထည့်ပြိး မီးအလယ်အလတ်ဖြင့် အပူပေးပါ။ ကြက်သွန်နှင့် သစ်ကျပိုးခေါက်ထည့်ပြီး ကြက်သွန်များ နူးညံ့၍ ရွှေရောင်သန်းလာသည်အထိ ကြော်ပါ။
  3. ပန်းဂေါ်ဖီများကို ဆန်းလုံးအရွယ်အစားလောက် ခြစ်သည်ဖြစ်စေ၊ စင်းသည်ဖြစ်စေ ပြုလုပ်ပါ။
  4. ဒယ်အိုးထဲသို့ ပန်းဂေါ်ဖီ၊ ဇီယာမှုန့်၊ နနွင်းမှုန့်နှင့် ငရုပ်သီးအခြောက်အဖတ်များကိုထည့်၍ ၃မိနစ်ခန့်မွှေ၍ကြော်ပေးပါ။
  5. အုန်းနို့၊ သီဟိုစေ့နှင့် ရေ ၁/၂ခွက်ထည့်၍ မွှေပါ။ ဆားထည့်၍ အဖုံးဖုံးထားပါ။ မီးအရှိန်လျှော့ပြီး ၁၅မိနစ်ခန့် မကြာမကြာ မွှေပေး၍ ပျစ်လာသည်အထိ ပြုလုပ်ပါ။